(Unicode)
ဆိုင်ဖွင့်ပြီး နှစ်လအကြာ။
ဆိုင်လေးမှာ ဧည့်သည်တွေလည်းစည်သင့်သလောက်စည်လို့ ကိတ်မုန့်ဆိုင်လေးမှာ မြို့တွင်းရောလိုင်းပေါ်မှာပါ နာမည်အသင့်အတင့်ရနေလေပြီ။
ဆိုင်ဝန်ထမ်းတွေနဲ့ မုန့်ဖုတ်သမားအသစ်တွေပါ ခန့်လိုက်တာကြောင့် ရိပေါ်မှာ အရင်လို စားပွဲထိုးစရာမလိုတော့ပေ။ ရှောင်းကျန့်က ဆိုင်ခန်းလခလုံးဝမယူသေးတဲ့အတွက်ကြောင့် အဲတာအတွက် စိတ်ပူစရာမလိုသေးပဲ ဆိုင်က ကောင်းကောင်းလည်ပတ်နေကာ အပိုငွေစုမိလာသည်။
တိုးတက်မလာတာကတော့ ရှောင်းကျန့်နဲ့ ရိပေါ်ကြားက ဆက်ဆံရေးပင်။ အချိန် နှစ်လကုန်သွားသည့်တိုင် နှစ်ယောက်ကြားမှာ ပုံမှန်အတိုင်းပဲဖြစ်၏။
အဆင့်တက်လာပြီဟု ထင်ရပေမယ့် ရိပေါ်ဘက်ကတော့ ခပ်စိမ်းစိမ်းဆက်ဆံဆဲ။
ရိပေါ်နဲ့ ဒီ့ထက်နီးစပ်ဖို့ ရှောင်းကျန့်ဘက်က ဘာတွေပေးဆပ်ရဦးမှာလဲ။
အရင်လို ပုံတုံးကြီးဆို မကြိုက်မှာစိုးလို့ဆိုပြီး ငွေအမြောက်အများသုံးပြီး စတိုင်ပြောင်းထားရတာ အချစ်ကလေးမှ သဘောမကျပဲ။ စတိုင်ထပ်ပြောင်းရမှာလား။
တွေးကြည့်မိတော့လည်း ကိုယ့်ရုပ်ရည်က မဆိုးလှပါ။ ပြီးတော့ ချမ်းသာကြွယ်ဝမှုရော ဘာမှ ပြောစရာမလို။
အချစ်ကလေးက ဘယ်လိုကောင်မျိုးမှ သဘောကျမလဲမသိတာကြောင့် ရှောင်းကျန့်မှာ ဦးနှောက်စားနေရသည်။
ဘယ်လိုနေပေးမှ ရိပေါ်က သူ့ကိုပြန်ကြိုက်မှာလဲ။
စကားများလို့ မကြိုက်တာလား ? စကားနည်းရင်လည်း အချစ်ကလေးနဲ့ပိုဝေးရုံပဲရှိတော့သည်။
ဒီတိုင်းသာဆက်သွားမယ်ဆ်ိုရင် ဝမ်ရိပေါ်က ကုဝေဆီက်ို လုံးလုံးလျားလျားပါသွားတော့မည်။
ရှောင်းကျန့်လည်း အကြံအိုက်စွာနဲ့ လသာဆောင်မှာရပ်လို့ ကောင်းကင်ကြီးကို မော့ကြည့်နေမိသည်။
ချိုချဥ်လုံးလေးကိုတော့ ထုံးစံအတိုင်း ပါးစောင်မှာ ငုံထားဆဲ။