(Unicode)
သူဌေးမင်နဲ့တွေ့ရမယ့် နေ့ဖြစ်၍ ရှောင်းကျန့်မှာ အရင်ဘဝကအတိုင်းတစ်ပုံစံတည်းဝတ်စားထားလေသည်။
ဟာဝိုင်အီရှပ် ဘောင်းဘီတိုနှင့် စလစ်ပါကွင်းထ်ိုးအမည်းတို့မှာ ရှောင်းကျန့်ခန္ဓာကိုယ်ပေါ်သို့ ပြန်လည်ရောက်ရှိလာ၏။ လုပ်ယူထားတာမျိုးမဟုတ်ပဲ အရင်ကနေနေကျ ပုံစံအစစ်အမှန်နဲ့ ပြန်နေရတော့ စိတ်လက်ပေါ့ပါးနေသလိုခံစားရ၏။
မရိတ်သင်ထားတဲ့ ပါးသိုင်းမွှေးနဲ့ နှုတ်ခမ်းမွှေးမှာလည်း အနည်းငယ်ရှည်နေတာကြောင့် အဝေးက ကြည့်လိုက်တာနဲ့ တစ်ခါတည်း ရှိန်စရာကောင်းနေသလိုမျိုး။
သူဌေးမင်ရဲ့ သမီးနဲ့တွေ့ရမှာဆိုတော့ သူ့အမြင်မှာ ကိုယ်က ချောနေစရာမလို ကြောက်စရာကောင်းတဲ့ပုံစံဖြစ်နေရမည်။ရိပေါ်နဲ့ တွေ့တဲ့အခါ ဝတ်တဲ့ပုံစံမျိုးဆိုမဖြစ်ချေ။ အဖိုးကြီးက ထိုးကျွေးချင်တဲ့သဘောပါဆို တော်ကြာသူ့သမီးပါ ကိုယ့်ကိုကြွေသွားမှ ခါချရခက်နေမှာစိုးလို့ဖြစ်သည်။
ကိုယ့်ရူပါကိုတော့ ရှောင်းကျန့်က အဲ့လောက်ထိယုံကြည်သည်။
ဒါပေမယ့် ရိပေါ်က ဒီလောက်ခန့်ညားပြီးကြည့်ကောင်းတဲ့ ကိုယ့်ကို ဘာလို့ပြန်မကြိုက်ရတာလဲ နားမလည်ပါ။
သူဌေးမင်နဲ့ ချိန်းထားတဲ့ဆိုင်ထဲကိုရောက်တော့ ရှောင်းကျန့်က သူ့လက်စွဲတော် ချိုချဥ်လုံးကိုငုံထားဆဲဖြစ်ပြီး ပိုက်ဆံအိတ်အမည်းရောင်ကြီးကို ဂျိုင်းကြားညှပ်ထားလေသည်။
ပုံတုံးတုံး နေကာမျက်မှန်အမည်းရောင်ကြီးတပ်လို့ ကွတတလမ်းလျှောက်လာသည်မှာ သူဌေးမင်ရဲ့ သမီးတောင် နှာခေါင်းရှုံ့မိသွားသည်။
အသက်သုံးဆယ့်နှစ်ပဲရှိသေးတယ်ဆိုလို့ အစက ချောချောလေးမှတ်နေတာ ဒီလိုတောသားဂိုက်နဲ့ ပုံတုံးမှန်း သူမလည်းမထင်ထားခဲ့ပါ။
သူ့အဖေက ဘယ်လိုလူနဲ့ မိတ်ဆက်ပေးမလို့လဲ။
သူဌေးမင်ရဲ့သမီးဖြစ်သူမှာ ရှောင်းကျန့်ကို တွေ့တာနဲ့ impression down သွားရသည့်အပြင် ကြပ်ကောပြည့်ရဲ့လားဟုတောင် တွေးမိသွားသည်။