"သူရ မင်းကိုငါစောင့်ကြည့်ခိုင်းထားတာ သူ့အခြေအနေဘယ်လိုလဲ"
"ပုံမုန်အတိုင်းပါပဲ သူ့ပန်းဆိုင်ကိုပုံမုန်သွားပါတယ်"
"အင်းရပြီ သူရ လုပ်စရာရှိတာလုပ်တော့"
သူရထွက်သွားတော့နေခတစ်ယောက် ပြုံးလိုက်ပြီး
" ဟက် မင်းကတကယ်ကိုမလွယ်ကြောလေးပဲ "
------------
သီရိတစ်ယောက် လင်းရဲ့ကားလေးကိုယူပြီး စျေးဝယ်ရန်ထွက်လာခဲ့တော့သည်။ ကားကို စျေးဝယ်စင်တာရဲ ကားပါကင်မှာ ကားထိုးနေတုန်း
"ဟယ် နင်မြတ်သီရိခိုင်မလား"
နောက်ကခေါ်လိုက်တဲ့အသံကြောင့် သီရိလှည့်ကြည့်လိုက်တော့ နိုင်ငံခြားမှာကျောင်းတတ်တုန်းက သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ သံစဥ်ချို ဒါနဲ့သီရိလည်း သံစဥ်ကိုပြုံးပြလိုက်တော့သည်။
သံစဥ်ချို သီရိနဲ့စကားပြောနေတုန်း သီရိစီးလာတဲ့ ကားကိုတစ်ချက်ကြည့်ပြီး
"သီရိ ဒါနင်စီးလာတဲ့ကားလား "
"အင်း"
"ဟယ် နင်ကိုသူငယ်ချင်းတွေမြင်ရင်ရယ်နေဦးမယ်နော်"
"ဘာလို့လဲ"
"ဘာဖြစ်ရမှာလဲ နင့်လို သန်စင်တဲ့ မျိုးရိုးရှိတဲ့မိန်းကလေးက ဒီလို ကားစုပ်ကိုစီးနေရတာ ငါသားဆိုအရမ်းရှက်မိမှာသိလား အော် ငါထွက်လာတာနည်းနည်းကြာနေပြီ ငါသွားတော့မယ်နော်ဖုန်းဆက်လိုက်ဦးနော် ဘိုင်ဘိုင်"
သံစဥ်ပြောပြီးထွက်သွားပေမယ့် ကျန်ခဲ့တဲ့ သီရိမှာတော့အံကိုကြိတ်ပြီး စိတ်ကိုမနည်းလျော့ချလိုက်ရတော့သည်။ ဒါကိုအဝေးတစ်နေရာကကြည့်နေတဲ့ နေခကသဘောကျစွာပြုံးလိုက်တော့သည်။
--------
သီရိ ဝယ်ရန်ကားတွေကိုကြည့်နေမိသည်။ ပြိုင်ကားအနီရောင်လေးက အရမ်းလှနေတာကြောင့် သီရိထို ကားကလေးကိုသာ လှည့်ပတ်ကြည့်မိသည်။ ကားလေးကိုလိုချင်ပေမယ့်လည်း စျေးကအရမ်းကြီးနေတော့ ပါလာတဲ့ပိုက်ဆံနဲ့ကသိပ်အဆင်မပြေပေ။" ဒီကားက ဘယ်လောက်လဲ အကို"
"ဒီကားက ၅၆သိန်းပါ BMW-BMW420Dပါ "
YOU ARE READING
Together with you
De Todoဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထားတာပါနော်