"မား.....မား....မား!!!"
"သား နေခ ဘာဖြစ်တာလဲ တီလေး ကိုပြော ဘာဖြစ်တာလဲ"
"တီလေး မားမား မားလေ သူ.... သူကို"
"သား နေခ ဒီအိမ်မက်ပဲမက်ပြန်ပြီလား ဒီလောက်နှစ်တွေကြာနေပြီလေ"
"ဒါပေမယ့် သူမားကိုသတ်တာ ပြီးတော့ ကျနော့်ကိုပါ သတ်တာ သူ့ကိုကျနော်ဘယ်တော့မှမကျေနပ်ဘူး တီလေး မားအတွက်လက်စားချေရမှ ကျေနပ်မယ်"
"လက်စားချေချင်ရင်တော့နောက်မှချေတော့ အခုအိပ်လမုက်ဦနော် နေခလေး မနက်က ကုမဏ္ဏီက ပင်ပန်းလာတယ်မလား အိပ်အိပ်"
နန်းသု ပြောတဲ့အတိုင်း ခေါင်းအုံးလေးကို ခုပြီးပြန်အိပ်နေတဲ့ တူတော်မောင်ကြောင့် နန်းသုသက်ပြင်းချမိသည်။အိပ်ပျော်နေတဲ့ တူဖြစ်သူ နေမင်းခရဲ့ ဆံပင်လေးတွေကိုထိုးဆွရင်း အတိတ်အကြောင်းများကိုပြန်တွေမိသည်။
နန်းသုသုသော်ဆိုတဲ့ ကျမက နိုက်ကလပ်တစ်ခုရဲ့ပိုင်ရှင် နိုက်ကလပ်ဆိုတဲ့အတိုင်းရှင်တို့လည့းသိမှာ အရက်တွေအပြင် မိန်းမလိုက်စာတဲ့လူတွေအတွက် ညဥ့်ငှက်လေးတွေထားပေးရတာပေါ့ သူများတွေအမြင်မှာတော့ ကျမက မိန်းမပျက်တစ်ယောက်ပေါ့ မိန်းမပျတ်ဆိုတဲ့ကျမကိုပဲ သဘောကျနှစ်သက်လို့လာတင်တောင်းတဲ့သူဌေးကြီးတွေမနည်း အဲ့ဒါတွေကိုကျမတစ်ယောက်မှစိတ်မဝင်စားခဲ့ဘူး ကျမစိတ်ဝင်စားတာ ကျမရဲ့တစ်ဦးတည်းသောတူလေးဘေးကင်းဖို့ ကျမဘဝမှာ အဖေလည်းမရှိတော့ဘူး အမေလည်းမရှိတော့ဘူး တစ်ဦးတည်းသောအမတောင် တူလေးကိုမွေးပြီး တူလေးငါးနှစ်အရွယ်မှာပဲဆုံးသွားခဲ့တယ် အမသေဆုံးသွားတာ သွေးရိုးသားရိုးတော့မဟုတ်ခဲ့ဘူး သေချာစုံစမ်းကြည့်မှအမရဲ့ယောကျာ်း ဦးနေမင်းတမန်ရဲ့ ပထမ မယားကြီးလက်ချက်ကြောင့်ဆုံးသွားမှန်းသိခဲ့ရတယ်
ကျမဘယ်လောက်တောင် ဝမ်းနည်းခဲ့ရလည်းကိုယ့်အမတစ်ယောက်လုံးသူများသက်ရက်စက်စက်သတ်လို့သေးတာတောင်ကျမဘာမှမလုပ်ပေးနိုင်ခဲ့ဘူး ဒါပေမယ့် အမရဲ့ကိုယ်ပွားလေး နေခလေး ကျန်နေသေးတာမို့ကျမ အမကိုယ်စား အမရဲ့ကိုယ်ပွားလေးကို ကောင်းကောင်းမွန်မွန်စောင့်ရှောင်ခဲ့တယ်နေခလေး အရွယ်ရောက်လာတာနဲ့ ကျမလုပ်တဲ့ အလုပ်ကြောင့် နေခလေးကိုထိခိုက်ဆိုခဲ့တယ် ဒါပေမယ် နေခလေးက ကျမထင်သလိုမဟုတ်ခဲ့ဘူး ညဥ့်ငှက်လေးတွေလမ်းမှာအခက်အခဲတွေရင်ကူညီတယ် မကူညီနိုင်တဲ့အဆုံး ကျမကလပ်ကိုခေါ်လာပြီး စောက်ရှောက်ပေးတယ် ပြီးတော့ ကျမတို့လုပ်တဲ့အလုပ်ကိုလည်းနားလည်ပေးခဲ့တယ် ကျမကြောင့် နေခလေးကိုပတ်ဝန်းကျင်က ကဲ့ရဲ့မှာကြောက်သလောက်နေခလေးက အရမ်းကိုတည်ငြိမ်ပြီး ပတ်ဝန်းကျင်ကပြောလာရင် အေးစက်တဲ့စကားလုံးတွေနဲ့သားတုံ့ပြန်ခဲ့တယ်
YOU ARE READING
Together with you
Randomဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထားတာပါနော်