" သား....သား...အမေ့ရဲ့သားလေး သားလေး ဟင့်အင်....အီး....ဟီး.......ဟီး........ မဟုတ်ဖူး မသွားနဲ့...... သားတမန်ကိုခေါ်မသွားပါနဲ့ သားလေး အမေ့သားလေး အမေ့ဆီကိုလာ ဟုတ်တယ် အမေ့ဆီကိုလား ဟီးဟီး.....သွေးတွေ.....အီး..သွေးတွေ....ငါသတ်တာမဟုတ်ဖူး...အီး...ဟီး...ဟီး...ငါသတ်တာမဟုတ်ဖူး...ငါ့သားကို..အဟင့်...ငါသတ်တာမဟုတ်ဖူးလို့"
အချုပ်ခန်းထဲမှာ တစ်ယောက်တည်း စကားတွေပြောရင်အော်ငိုနေတဲ့ ဒေါ်မြင့်မြတ်ခင်ကိုကြည့်ပြီး နေမင်းခနဲ့လင်း စိတ်မကောင်းပေ။
ဘယ်လောက်ထိကိုယ့်အပေါ်မှာ ဒုက္ခပေးခဲ့ပေးခဲ့ အခုလိုချိန်မှာ စိတ္တဇဝေတနာရှင်တစ်ဦးကို ပြန်ကလဲ့စားချေရအောင် နေမင်းခ အဲ့လောက်ထိ အသည်းမမာပေ။
နေမင်းခ ဒေါ်မြင့်မြတ်ခင်ကိုကြည့်ပြီး သက်ပြင်းရှည်ကြီးချလိုက်မိသည်။ ' ရန်ညိုးတရား ' ကအရမ်းကိုကြောက်စရာကောင်းတာပဲ။
"မောင် ပြန်ကြရအောင် ဒီချိန်ဆိုရင် သားလေးနိုးနေလောက်ပြီ"
"အင်း ပြန်ကြတာပေါ့"
ေနမင်းခတစ်ယောက် ချစ်ရတဲ့အမျိုးသားလေးရဲ့ပုခုံးကို ဖက်ကာ အိမ်သို့ပြန်လာခဲ့တော့သည်။
************************************
" ဖက်....ဖက်....အဲ့....ဖက်ဖက်....အဲ့...အဲ့..."
မျက်နှာပေါ် တစ်ဖက်ရိုတ်နေတဲ့ သားလေးကြောင့်နေမင်းခ နိုးလာတော့သည်။ အိပ်ရာဘေးကိုကြည့်လိုက်တော့ သားလေးရဲ့ ပါးပါးက မရှိတော့ပေ။
"ဖက်...ဘူး...ဖက်...အဲ့..ဘူး.ဘူး...ဖက်"
"သားလေး...သားသားက ဒယ်ဒီကိုနိုးနေတာလား ဟုတ်လားကွ"
"အဲ့.....ခစ်ခစ်"
သားလေးရဲ့ပါးပါးက သားကိုဝက်ဝံရုပ်အကျီလေးကိုဝတ်ပေးထားတာကြောင့် လုံးတုန်းတုန်းနဲ့တကယ်ကိုချစ်စရာကောင်းနေတော့သည်။
သားသားက ဝဝကစ်ကစ်လေး ဖြူဖြူတုပ်တုပ်လေးမို့ ဘာဝတ်ဝတ် သားသားရဲ့အသားအရေနဲ့ထင်နေတော့သည်။သားသားရဲ့ပါးပါးက ဝတ်လိုက်သမျှ အရုပ်ဝတ်စုံလေးတွေမို့ အစားမျိုးမရွေးစားတဲ့ သားရဲ့ ဗိုက်ပူပူလေးက ပူထွက်နေတော့သည်။
![](https://img.wattpad.com/cover/302556473-288-k516397.jpg)
YOU ARE READING
Together with you
Randomဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထားတာပါနော်