အပိုင်း 20

3.3K 125 0
                                    


"ဖယ်လွှတ်...ခင်များမရှက်ဖူးလား"

လင်းရဲ့စကားကို နေမင်းခက တချက်ပြုံးလိုက်ပြီး လင်းရဲ့အနားကိုကပ်ပြီး

"ကိုယ့်မိန်းမကို ကိုယ်ချီတာ ရှက်စရာလား"

နေမင်းခ စကားကြောင့် လင်းမျက်လုံးများပြူးပြီး နေမင်းခကိုကြည့်တော့ သူ့ကိုတဟားဟားအော်ရယ်ရင်း ခမ်းမဆီသို့ပွေ့ချီသွားမလို့လုပ်နေတုန်း

"နေခ....ဘာလို့သူ့ကိုချီထားတာလဲ"

သီရိခိုင် ဖုန်းပြောပြီပြန်လာတော့မြင်လိုက်ရတာက လင်းလက်သစ်ကိုပွေ့ချီထားတဲ့နေမင်းခက သူနဲ့တုန်းကလိုတစ်ခါမှဖော်ဖော်သီသီမပေးဖူးတဲ့ ရယ်မောခြင်းတွေကို လင်းလက်သစ်ကိုပေးပြီး ခမ်းမဆောင်ထဲသွားရန်ပြင်နေလေသည်။

အမှန်ဆိုရင်ကိုယ်က နေမင်းခရဲ့ပါတနာလေ နေမင်းခနဲ့ အဲ့ခမ်းမဆောင်ထဲကိုဝင်ရင်ဝင်သူနဲ့ဝင်ရမှာလေ ဘာလို့လင်းလက်သစ်နဲ့လဲ

ဟင့်အင် သီရီ ဒီလိုမျိုးလုံးဝလက်မခံနိုင်ဘူး ဘာပဲဖစ်ဖြစ် နေမင်းခရဲ့ လက်တွဲဖော်က ငါပဲဖစ်ရမယ် နင်မဖြစ်စေရဘူး လင်းလက်သစ်

"ဘာလို့လဲ...ကိုယ်ကသူ့ကိုမချီရဘူးလား"

"လူမြင်မသင့်တော်လို့ပြောနေတာ နေခ...နေခရဲ့ချစ်သူက သီရီပါ ဘာလို့....."

လင်းလည်း နေမင်းခ လက်ထဲက ခုန်ဆင်းပြီး

"မမ....လင်း တမင် တကာ...."

"တော်စမ်းပါ....နင်အခုမှမခုတ်တတ်ကြောင်လာလုပ်ပြမနေနဲ့ နင်ကတကယ့်ကို ပိုင်းလုံးကောင်ပဲ နေခမှာ ငါဆိုတဲ့ချစ်သူရှိနေတာတောင်နင်က ဖြတ်လုချင်သေးတယ်မလား"

"မမ...ကျနော်မဟုတ်....."

"တော်စမ်းပါ..."

"သီရိ ကိုယ်တို့သွားကြရအောင်"

လူတွေဝိုင်းကြည့်လာတာကြောင့် နေမင်းခ လည်း မြတ်သီရိခိုင်ကို လက်မောင်းနှစ်ဖက်ကကိုင်ကာ အခန်းထဲသို့ခေါ်လာရတော့သည်။ သီရိကိုဝိုင်ကြည့်နေလို့တော့မဟုတ်ပေ ဟိုကောင်လေးက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ မျက်ဝန်းက မျက်ရည်လေးတွေစို့နေပြီမို့ နေမင်းခထိုကောင်လေးသူ့ရှေ့မျက်ရည်ကျတာမလိုချင်ပေ ဒါကြောင့် သီရိခိုင်ကိုဆွဲခေါ်လာရခြင်းဖြစ်သည်။ နေမင်းခ စိတ်ထဲတွင်လည်း 'မကြာခင် မင်းအတွက်လာမယ်ကိုယ့်ရဲ့လက်ဆောင်ကိုမြင်ပြီး မင်းဒေါသမထွက်နဲ့နော် ကောင်လေး ဟက်'

Together with youWhere stories live. Discover now