" လင်းရယ် နင့်ကိုကြည့်ရတာလည်း အားမရလိုက်တာ အစားအသောက်လည်းပုံမုန်မစားဘူး နင်ကိုယ်နင်တစ်ယောက်တည်းလို့မှတ်နေလား နင်ဗိုက်ထဲမှာ ကလေးလေးရှိသေးတယ်လေ""အသွေး....ဟင့်....၂ပတ်ရှိပြီ မောင့်ကိုအခုထိမတွေ့သေးဘူး..... အဟင့်....ငါ...အင့်....ငါ...ဘယ်လိုလုပ်ပြီးတော့စားဝင်မှာလဲဟာ"
"ဟင်းးးးး..အင်းပါ...ငါကိုယ်ချင်းစာပါတယ် လင်းရယ်"
မျက်ရည်နဲ့မျက်ခွပ်ဖြစ်နေတဲ့သူငယ်ချင်းကို ရောင်နီးသွေးတစ်ယောက်ပွေ့ဖက်ရင်းသာ နှစ်သိပ်နေမိသည်။
သူ့နေရာမှာ ကိုယ်ဆိုရင်လည်း သူ့လိုပဲဖစ်မိမှာပဲမဟုတ်လား လက်ထပ်ထားတာ တစ်ရက်တောင်မပြည့်သေးဘူး ဆေးရုံပြိုကျတဲ့အထဲပါသွားအပြင် ကိုယ့်မှာသူနဲ့ရတဲ့ကိုယ်ဝန်ပါကျန်ခဲ့သေးသည်မဟုတ်လား ကိုယ်ချစ်ရသောသူမရှိတဲ့အချိန်မှာ ဘယ်လောက်ထိအားငယ်ရလဲ ရောင်နီသွေးအသိဆုံးဖြစ်သည်။
ထိုချိန်
"လင်း"
ခေါ်သံကြောင့်ကြည့်လိုက်တော့ အခုမှဆေးရုံက ဆင်းလာပုံရတဲ့ သော်ဇင်မောင်
သော်ဇင်မောင် ပြောပြီး လင်းဆီကိုပြေလားပြီး လင်းကိုပြေးဖက်လိုက်တော့သည်။မျက်ရည်များနဲ့ လင်းကိုကြည့်ကာ
"အဟင့်...ငါ့ကြောင့်ပါ...အင့်..ဟင့်...ကိုနေ....ငါဆီကိုသာမလာခဲ့ရင်အခုလိုတွေဖြစ်မှာမဟုတ်ဘူး....ဟင့်.....ငါ့ကြောင့်...ဟင့်...ငါ့ကြောင့်ပါ"
"ဟင့်...သော်ဇင့်ကြောင့်လို့လည်းမဟုတ်ပါဘူး....ကိုယ့်ကိုယ်ကိုအပြစ်မတင်နဲ့နော်"
သော်ဇင်တစ်ယောက် လင်းစကားကြောင့် ပိုပြီးဝမ်းနည်လာကာ လင်းကိုဖက်ကာ ငိုတော့သည်။ရောင်နီသွေးလည်း လင်းနဲ့သော်ဇင့်ကိုကြည့်ပြီး မျက်ရည်များဝဲလာရတော့သည်။
"📲~~~Ti~~~Ti~~~Ti~~~Ti~~📲
ရုတ်တရက် သော်ဇင့်ဖုန်းကထမြည်လာတာကြောင့် သော်ဇင်ကိုင်လိုက်မိသည်။ ခေါ်သူကတော့ သော်ဇင့်ကို အသေရရ အရှင်ရရလိုချင်သောသူ အမောင် အာကာပင်ဖြစ်သည်။ ဆေးရုံမှာကတည်းက သော်ဇင့်ကိုသဘောကျကြောင့်ပြောကာ အမျိုးမျိုးမရိုးရအောင် ပျော်ရွင်မှုတွေပေးတဲ့တစိယောက်သောသူဖြစ်သည်။
YOU ARE READING
Together with you
Randomဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထားတာပါနော်