"ရပါတယ် ကိုယ်က ဒီတိုင်းအမြင်မတော်လို့ ဝင်ကူညီတာပါ""ဟို ခင်များ ဗိုက်ဆာလား "
ကြောင်တောင်တောင်နဲ့ပြောလာတဲ့ ထိုကောင်လေးက တကယ့်ကိုချစ်စရာလေးပင်။
နေမင်းခလည်း ခေါင်းညိတ်ပြလိုက်တော့ လင်းကဖေဖေကိုအိမ်ထဲကိုခေါ်သွားပြီးခဏအကြာ ပြန်ထွက်လာကာ"ဘေအိမ်က အိမ်ကလေးမှာစောင့်နေနော် လင်းစားစရာတွေယူပြီးလာခဲ့မယ်"
နေမင်းခ ခေါင်းပဲညိတ်ပြလိုက်တော့သည်။ နေမင်းခလည်း လင်းပြောတဲ့အတိုင်းထိုအိမ်လေးကိုလျှောက်လာခဲ့တော်သည်။ အိမ်လေးကအရင်အတိုင်းဘာမှမပြောင်းလဲသေးပေ။ အရင်ကသူမိထွေနိုပ်စက်တာတို့ ထိခိုက်ဒဏ်ရာရရင်တစ်စုံတစ်ယောက်က ခေါ်လာကြနေရာလေးလာနေကြနေရာလေး ဒီအိမ်လေးကသူ့အတွက်တကယ့်ကိုအမှတ်တရရှိစေတယ်
လင်း ကိုနေမင်းခကိုအဲ့အိမ်လေးမြင်ရင် အရင်ကအချိန်တွေကိုသတိရပြီးငိုနေမိမယ်ထင်ခဲ့တာအခုတော့ အိမ်ရဲ့အခန်းလေးကိုကြည့်ပြီးခေါင်းတညိတ်ညိတ်လုပ်နေတာကြောင့် လက်ဖက်ရည်ဗန်းလေးကိုကိုင်ပြီး ထိုလူအနားကိုလျှောက်သွားမိသည်။
"အိမ်ကနည်းနည်းဟောင်းပြီး အထဲကပစ္စည်းတွေလည်းရှုပ်ပွနေတယ်မလား"
လင်းလက်သစ်ရဲ့စကားကို နေမင်းခပြုံးလိုက်မိသည်။ ဒီomegaလေးက သူ့ဘဝနောက်ကြောင်းတွေကိုရေမြေဆုံးတဲ့ရှာမယ်လို့တွေးထားသလားထင်ရသည်။
"ဒီအိမ်ကို ကိုယ်တခါမှမရောက်ဖူးတော့ အိမ်က ဟောင်းလားသစ်လား ကိုယ်မသိဘူး"
"အော် ဟုတ်လား လင်းထင်တာ ကိုနေမင်းခ ဒီအိမ်လေးကိုမြင်ဖူးတယ် ဒီမှာအကို့အတွက် ကော်ဖီနဲ့မုန့်"
"ကိုယ့်အထင် မင်းကိုယ့်ကိုရွဲ့နေတာလား"
"ဘာလို့လဲ လင်းမရွဲ့ပါဘူး"
နေမင်းခ လက်ကနာရီကိုတချက်ကြည့်လိုက်ပြီး
"ခု ည ၁၀ နာရီရှိနေပြီလေ ကော်ဖီနဲ့မုန့်ဧည့်ခံတယ်ဆိုတာက....ကိုယ့်ကိုရွဲ့နေတာလားလို့"
"လင်းက လင်းဖေဖေကိုကူညီခဲ့လို့ပြန်ကူညီပေးချင်ရုံပါ လင်း ကိုနေမင်းခကိုရွဲ့နေတယ်လို့ထင်တာလား"
![](https://img.wattpad.com/cover/302556473-288-k516397.jpg)
YOU ARE READING
Together with you
Losoweဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထားတာပါနော်