"ကိုနေမင်းခ ခေါင်းကဘာဖြစ်တာလဲ"
အသံကြားသို့လှည့်ကြည့်လိုက်တော့
"အော်....မြတ်သီရိခိုင်.. "
"သီရိမေးနေတယ်လေ ခေါင်းကဘာဖြစ်တာလဲလို့"
"ဘာမှမဟုတ်ပါဘူး ပြသနာနည်းနည်းဖြစ်သွားလို့ခေါင်းနည်းနည်းထိသွားတာပါ"
"ကိုနေမင်းခ ရယ် ဘာကိစ္စများရှိလို့ ဒီလောက်ထိတောင်ဖြစ်ရတာလဲ "
နေမင်းခရဲ့ ခေါင်းကပတ်တီလေးကိုဖွဖွထိရင်းပြောနေတဲ့ သီရိခိုင်ကိုကြည့်ပြီး နေမင်းခ ခနဲ့ပြုံးပြုံးလိုက်တော့သည်။ စိတ်ထဲကလည်း 'ဒါလား သန့်စင်တဲ့ မိန်းကလေး သူများကုမ္မဏီအထိလာပြီး ယောကျာ်းလေးတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုစိတ်ကြိုက်ထိတွေ့ကိုင်တွယ်နေတာလေ'
နေမင်းခလည်းမျက်နှာ၊လည်ပင်းနဲ့ဒဏ်ရာတွေကိုထိတွေကိုင်တွယ်နေသော သီရိခိုင်ရဲ့လက်တွေကိုဆွဲခွာလိုက်ပြီး
"မမြတ်သီရိခိုင် ဘာကိစ္စရှိလို့ ကျနော်ဆီလာတာလဲ"
"ရှင်....အော် ဒီတိုင်းပါပဲ လမ်းကြုံလို့ဝင်လည်တဲ့သဘောပါပဲ သီရိလို့ပဲခေါ်ပါ နာမည်အပြည့်အစုံက သိပ်ခေါ်ရတာမကောင်းဘူး"
သီရိပြောတဲ့စကားကို နေမင်းခက ခေါင်းလေးညိတ်ပြီးဘာမှမပြောပဲ သူ့လုပ်စရာရှိတာ ကုမ္မဏီကိစ္စတွေကိုပြန်လုပ်နေတော့သည်။
တကယ်တော့သီရိ နေမင်းခ လမ်းကြုံလို့ဝင်ခြင်းမဟုတ်ပေ။ လင်းလက်သစ်နဲ့ နေမင်းခနီးစပ်သွားမှာစို့လို့ဖြစ်သည်။ မနက် နေမင်းခအိမ်ထဲက လင်းလက်သစ်ထွက်လာတာကိုစျေးဝယ်ထွက်ရင်း သီရိမြင်ခဲ့တယ်လေ ဒါကြောင့်လည်းမှတ်လောက်သားလောက်ဖြစ်အောင် လင်းလက်သစ်ကိုဆုံးမခဲ့သေးသည်။မဟုတ်ရင် အဲ့ကောင်က ကိုယ်အဆင့်ကိုယ်မသိဖြစ်နေတယ်လေ နည်းနည်းလေးအလျော့ပေးလိုက်တာနဲ့ ရောင့်တက်လာတာပဲ။
"သီရိခိုင် မနက်စာမစားရသေးဘူးမလား ကိုယ်နဲ့အပြင်မှာတစ်ခုခုသွားမစားချင်ဘူးလား"
"အင်း.... သွားကြတာပေါ့"
သီရိခိုင်လည်း နေမင်းခရဲ့ကားနဲ့ အနက်စာစားရန်ထွက်လာခဲ့တော့သည်။
![](https://img.wattpad.com/cover/302556473-288-k516397.jpg)
YOU ARE READING
Together with you
Acakဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထားတာပါနော်