"အန်တီသု ကလပ်ကကိစ္စဖြေရှင်းပြီးပြီလား"
"ကလပ်မှာမူးယစ်ဆေးမှမရှိတာ ရဲတွေကဘာလုပ်နိုင်မှာမို့လို့လဲ ဒါပေမယ့် ရဲတွေကလပ်ကိုလာတာတိုက်ဆိုင်မှုတော့မဟုတ်ဘူးထင်တယ်နော် သားနေခ"
နေမင်းခ သက်ပြင်းချလိုက်ပြီး
" ကျနော်ဘယ်သူလဲ သူသိတယ်အန်တီသု"
" ဘာ....ဒါဆို နေခကို 'စိုင်း'လို့သိသွားပြီလား"
"မဟုတ်ဘူး ကျနော့်ကိုအန်တီ့တူမုန်းသိသွားတာပါ သူရေနစ်သေအောင်လုပ်တဲ့ ကလေးကအသက်ရှင်နေမယ်လို့ သူကထင်မတဲ့လား"
"ဒါကြောင့်သူက ကလပ်ကိုရဲတွေလာရှာအောင်လပ်လိုက်တာပေါ့ သားနေခ မင်းသိလား သူတို့ကဘယ်တော့မှကစားပွဲကို သန့်သန့်ရှင်းရှင်းမကစားဘူး ဒါတောင်မင်းကသူတို့နဲ့ဆက်ပတ်သတ်မလို့လား သားနေခ ဒီတစ်ခါ ကလပ်ကိုရဲတွေနဲ့ လာရှာခိုင်းတယ်နောက်တစ်ခါကျရင် မင်းရဲ့ကာစီနိုကိုဘာလုပ်နိုင်မလဲမပြောနိုင်ဘူး"
"ကာစီနိုက တရားဝင်မြေနေရာမှာရှိလို့သူတို့ဘာမှမလုပ်နိုင်ပါဘူး ကျနော်တို့အမှောင်စီးပွားရေကိုလုပ်နေတာဖြသ်ကောင်းဖြစ်နိုင်တယ် ဒါပေမယ့် ကျနော်တို့ တရားဥပဒေကိုတော့ လေးစားလိုက်ပါတယ် အန်တီသု သူတို့လို သန့်ရှင်းတဲ့စီးပွားရေးလုပ်နေပေမယ့် နောက်ကွယ်မှာ အားဏာကိုအလွဲသုံးစားလုပ်တယ် "
ခုံထက်က သစ်သားချောင်းလေးတွေကို တန်းစီထောင်ပြီး အေးဆေးစွားပြောနေတဲ့တူဖြစ်သူကိုကြည့်ပြီး နန်းသုသက်ပြင်းချလိုက်မိသည်။ ပြီးတော့
"ဘာလဲ နေခက သူတို့ကုမ္မဏီကို ရဲတွေကိုပြန်ရှာခိုင်းမလို့လား"
"မဟုတ်ပါဘူး အဲ့လုပ်ရပ်ကအရမ်းကလေးဆန်တယ်လို့ ကျနော်ထင်တယ်"
"ဒါဆို နေခ ဘယ်လိုလုပ်မှာလဲ"
ထိုအခါ နေခက ခုံပေါ်မှာတင်ထားတဲ့ သစ်သားချောင်းလေးတွေကို နောက်ထက်သစ်သားချောင်နဲ့ရိုတ်လိုက်တော့ အတန်းလိုက်ပြိုကျသွားတော့သည်။
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
YOU ARE READING
Together with you
Aléatoireဒီ ficက zhanyi မဟုတ်ပဲတခြား BL fan ficမို့ 18+ တွေပါပါမယ်နော် ပြီးတော့ ဒီficကလေ TVကားတစ်ခုကိုအခြေခံပြီးရေးထားတာပါနော်
