အပိုင်း24

3.1K 120 0
                                    

လူသန်ကြီးတွေက မြတ်မင်းတမန်ကို အမှိုက်ကလေးပစ်သလို ခြံအပြင်ဘက်ကိုပြစ်ချလိုက်ကြတော့သည်။

လူကျမကျပဲ ခွေးကျဝက်ကျကျတဲ့မြတ်မင်းတမန် တစ်ယောက် သော်ဇင်မောင်ရဲ့ ဖိနပ်နဲ့ပါရိုတ်ထားတာမို့ မျက်နှာတခုလုံး ဖူးယောင်ပြီး သွေးများကစီးကျနေတော့သည်။

"သော်ဇင်မောင် မင်းငါ့ကိုဒီလိုလုပ်တဲ့အတွက် မင်းနောင်တ ရလိုက်မယ်"

"ဟုတ်လား....အမလေး...ကြောက်လိုက်တာ....ကြောက်လိုက်တာ..... သေးတွေတောင်ထွက်ကျတော့မယ်....ငါက မင်းကိုအဲ့လို ကြောက်ပေးရမှာလား ဟက် "

"မင်း...မင်း...ငါ့အကြောင်းကောင်းကောင်း သိမယ် "

"မင်းအကြောင်း ငါမသိစရာမရှိပါဘူး မင်းကနှာဘူးဆိုတာ  ငါသိတယ်လေ ဟက် ဟုတ်တယ်မလား ငါစိတ်ကောင်းဝင်နေတုန်း ငါ့အိမ်ရှေ့ကထွက်သွား မဟုတ်ရင်တော့ မင်းငါ့အဆိုးမဆိုနဲ့နော်"

"တောက်....မင်း...မင်း...မှတ်ထားလိုက်"

^^^^^^^^^^^^^^^^^^^^^

"သက်သာရဲ့လား လင်းလက်သစ်"

နေမင်းခ တစ်ယောက် လင်းမှာ သူနဲ့ရတဲ့ ကိုဝန်ရှိတယ်ဆိုတာနဲ့ အဒေါ်ဖြစ်သူ ဒေါ်နန်းသုသုသော်ကိုဖုန်းဆက်ခေါ်လိုက်တာကြောင့် ဒေါ်နန်းသုသုသော်မှာ အမြန်လိုက်လာရခြင်းဖြစ်သည်။

"ဟုတ် သက်သာပါတယ် အန်တီ"

"အင်းပါ....သားနေခ အန်တီ လင်းလက်သစ်နဲ့ ၂ယောက်တည်း စကားပြောချင်တယ် ရမလား"

" အန်တီ လင်းက......"

"ကိုစိုင်း အပြင်ထွက်ပေးလို့ရမလား"

လင်း စကားကြောင့် နေခလည်း အခန်းပြင်သိုမထွက်ချင်ထွက်ချင်နဲ့ ထွက်သွားရတော့သည်။ ဒါတောင် ဒင်းက လင်းနဲ့ ဒေါ်နန်းသုသုသော် ပေစောင်းပေစောင်းကြည့်သွားသေးသည်။

နေမင်းခ အခန်းအပြင်ထွက်သွားတော့မှ ဒေါ်နန်းသုသုသော်လည်း ကုတင်ခေါင်းရင်မှာ ကျောမှီရင်းထိုင်နေတဲ့ လင်းရဲ့ဘေးမှာထိုင်လိုက်ပြီး လင်းရဲ့လက်ကလေး၂ဖက်ကိုအုပ်မိုးဆုပ်ကိုင်လိုက်ကာ လင်း ကိုပြုံးပြလာသည်။

Together with youWhere stories live. Discover now