EXTRA [ Unicode ]

259 17 2
                                    

'' Kai ရေ ပြီးပြီလား သွားမယ် ''

'' လာပါပြီ ခင်များရယ် ခနလေး ပြီးပြီ ''

All Black ကိုမှ mask ပါတပ်ပြီး ထွက်လာတဲ့ Kai ကိုကြည့်ပြီး Kyungsoo မသက်မသာပြုံးလိုက်မိသည်။ ကိုရီးယားမှာ ပြန်အခြေချပြီးနောက်ပိုင်း Kai က အပြင်ထွက်ရင် mask အမြဲတပ်လေ့ရှိသည်။ သူ့ fan တွေကို အားနာနေပုံရသည်။

နှစ်ယောက်လုံး အသင့်ဖြစ်တာနဲ့ ကားပေါ်တတ်ကာ ထွက်ခဲ့ကြသည်။ အဘိုးကလည်းဒီနှစ်တွေမှာ အသက်အတော်ကြီးပြီမလို့ Kai ရဲ့သဘောတူညီချက်နဲ့ Kyungsoo တိုနဲ့ အတူနေခိုင်းခဲ့သည်။
အခုတော့ အဘိုးက Hawaii ကို Baekhyun တို့နဲ့ အတူခရီးထွက်သွားသည်။ Kyungsoo ကအလုပ်တွေမအားလို့သာ မလိုက်နိုင်ခဲ့တာဖြစ်သည်။

'' ရောက်ပြီ Hyung ''

Kai ကရောက်တာနဲ့ ဆင်းကာ တံခါးဖွင့်ပေးသည်။ Kyungsoo လျှောက်သွားကာ တစ်နေရာအရောက်ခြေလှမ်းတွေကိုရပ်လိုက်သည်။ Kai ကလည်း သူ့ဘေးမှာမတ်တပ်ရပ်လျက်။

လက်ထဲက ပန်းရောင် carnation ပန်းလေးကို Kyungsoo တချက်ကြည့်လိုက်ပြီး တလောကမှ မွမ်းမံထားသော အုတ်ဂူလေးပေါ်တင်ပေးလိုက်သည်။

'' Hyung ကျွန်တော်လာတယ် ''

'' Kim Jongin Shi ကျွန်တော်လည်းပါပါတယ်ဗျ ''

Kyungsoo နဲ့ Kai တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးပြုံးလိုက်ကြသည်။

'' Hyung အခုချိန်ဘယ်မှာရှိနေမလဲမသိပေမဲ့ အဲ့ဒီနေရာက Hyung အတွက် အေးချမ်းတဲ့နေရာဖြစ်မယ်လို့ ကျွန်တော်ယုံပါတယ် Hyung ကအင်မတန်ကောင်းမွန်တဲ့လူတစ်ယောက်လေ
ကျွန်တော်လည်း အဆင်ပြေပြေရှိနေတာမို့ Hyung နောက်ဆံမတင်းတော့ဘူးလို့ထင်ပါတယ် Hyung က ကျွန်တော့်ဘဝမှာ တွေ့ခဲ့ရတဲ့ အကောင်းဆုံးလူဆိုတာ သိတယ်မလား ''

ပြောရင်း Kyungsoo မျက်ရည်တွေစီးကျလာတာမလို့ ဘေးနားက Kai က လက်ကိုင်ပုဝါ လေးထုတ်ပြီးသုတ်ပေးလာသည်။
Kai မျက်ဝန်းမှာလည်း မျက်ရည်စတွေနဲ့ ဖြစ်သည်။
နှစ်ယောက်သား Hyung ရဲ့ အုတ်ဂူလေးကို သေချာသန့်ရှင်းရေးလုပ်ပေးကြပြီး Hyung ကိုအဖော်ပြုစကားပြောပေးနေတာ ၂နာရီလောက်တောင်ကြာသွားခဲ့သည်။

You Could Change My Everything(Season-2)Where stories live. Discover now