တစ်နှစ်ခန့်ကြာသော်.........
Londonမြို့လယ်ခေါင်မှာဖွင့်ထားတဲ့coffeeဆိုင်လေးတစ်ဆိုင်..ထူးခြားတာက တစ်ဆိုင်လုံးကိုဝက်ဝံညိုလေးတွေနဲ့အလှဆင်ထားတာမို့ လူတွေရဲ့စိတ်ဝင်စားမှုကိုအထူးရရှိထားတာ..
ဆိုင်နာမည်လေးက'' KS Bear''တဲ့...
နံနက်၈နာရီမှာစဖွင့်ပြီးညနေ၈နာရီဆိုဆိုင်ပိတ်လေ့ရှိတယ်..ဖျော်လက်စ Latteခွက်ကို အသည်းပုံလေးဖော်ပြီးတာနဲ့ ဘေးနားက ဝက်ဝံပုံစံချောကလက်ကွတ်ကီးလေးတွေနဲ့အလှဆင်လိုက်သည်..
မိမိဖျော်လိုက်သော ကော်ဖီခွက်ကို ကိုယ့်ဟာကိုသဘောကျပြီးပြုံးဖြီးနေသည်.."Kai ရေ ''
"အာ ရပြီ အကို ခနလေး ''
လာယူသော အကိုလက်ထဲ မိမိ လက်ထဲက ခွက်လေးကိုထည့်ပေးလိုက်ပြီးသည်နှင့်ဝတ်ထားသော Apronကို ချွတ်လိုက်သည်..
"ပြန်တော့မလို့လား Kai''
"အမ်း အကိုကလည်း ကျွန်တော်ပြောထားတယ်လေ ဒီနေ့ မေမေ နဲ့ချိန်းထားတယ်လေ ''
"အေးပါ အေးပါ ကြွကြွ ''
"Hyungလည်း သိပ်ပြီးပုံမှန်မဟုတ်ဘူးနော် ဆိုင်ကိုခနခနလာနေတဲ့ ဆံပင်ရွှေရောင်နဲ့ဘိုမလေးကို ကြိုက်နေတာမလား ''
"သွား သွား မင်းကြွတော့''
"ဟားဟား Yonghoo hyungကြီး ရှက်နေပါတယ်ဗျို့ ''
အနောက်က ကျိန်ဆဲပြီးကျန်ခဲ့တဲ့ hyung ကို ပြောင်ပြပြီး လွယ်အိတ်ကို ဆွဲကာ ဆိုင်ပြင်သို့ထွက်လာခဲ့သည်..
တစ်နှစ်တောင်ကြာသွားပြီ..Entertainment Industryက နှုတ်ထွက်ပြီး Londonကိုအပြီးပြန်လာခဲ့တာ..မေမေတို့စည်းစိမ်တွေ သူ့လက်ရှိပိုင်ဆိုင်ထားတဲ့ ငွေကြေးတွေနဲ့ ကောင်းကောင်းထိုင်စားနိုင်ပေမဲ့ Kaiမနေခဲ့..တစ်ယောက်သောသူကိုမေ့ဖျောက်ဖို့ရာအတွက် တစ်စုံတစ်ခုကိုအစားထိုး ဖို့ကြိုးစားခဲ့ရာမှ အခု cafe ဆိုင်လေးကို ပိုင်ဆိုင်လာခဲ့သည်..
အခုဆိုဒီဆိုင်လေးက သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာပြီ..အခုထိသူ့ကိုမမေ့နိုင်ကြတဲ့ Asiaက Erigom တစ်ချို့ကတော့ Londonထိတကူးတကလာပြီး သူ့ဆိုင်ကိုဝင်တတ်ကြသည်..တကယ် အဖိုးဖြတ်လို့မရတဲ့ လူသားလေးတွေပါပဲ..
YOU ARE READING
You Could Change My Everything(Season-2)
Fanfictionကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)