Stageစင်ပေါ်မှာ အချိုးအစားကျနစွာ ကပြလျက်ရှိသော လူငယ်တစ်ယောက်..
မီးခိုးရောင်ဆံနွယ်ပျော့ပျော့တို့က စည်းချက်အတိုင်းယိမ်းနွဲ့လျက်..
အောက်ကကြည့်ရှုသူအားလုံးမှာရင်သပ်တမောမော..အဆုံးသတ်ကကွက် ကိုကလိုက်ပြီးသည့်နောက်မှာတော့ အောက်ကfangirlများရဲ့ အော်ဟစ်သံနှင့် lightstickတို့က ဝင်းထိန်လျက်..
"Kim Kai Kim Kai Kim Kai!!!''
Erigomတွေရဲ့ သောင်းသောင်းဖျဖျအားပေးသံတွေကြားkaiပြုံးလိုက်မိသည်..
နောက်ဆုံးတော့သူဖြစ်ချင်လွန်းသော တောင့်တလွန်းသော ဒီနေရာကိုIdol Kaiအဖြစ်ရောက်လာခဲ့ပြီ..လွန်ခဲ့တဲ့၁၀နှစ်
Accidentဖြစ်ပြီး နှလုံးကို နံရိုးတွေထိုးမိရာမှသေမလိုဖြစ်နေတုန်း အလှူရှင်တစ်ဦးကြောင့် အသက်ချမ်းသာရာရခဲ့သည်..
အသက်ငယ်ငယ်လေးမို့ ဆရာဝန်များကစိတ်မချကြသော်ငြား နည်းလမ်းမရှိသည်မို့ အစားထိုးခဲ့ကြရသည်..
သေဘေးမှလက်မတင်ကလေးလွတ်ခဲ့ရပြီနောက် မိမိအိပ်မက်အတွက် မိမိကိုနှလုံးပေးခဲ့သည့်ထိုလူအတွက် ပေးရကျိုးနပ်အောင် ထိပ်ဆုံးသို့ ရောက်အောင်ကြိုးစားခဲ့သည်..အခုအသက် ၂၅နှစ်ဘယ်ပွဲမဆိုKaiမပါလျှင်မပြီးသည့်အထိဖြစ်အောင် ရခဲ့သည်..
သူပေးခဲ့တဲ့ နှလုံးသားနဲ့ ကောင်းကောင်းအသက်ရှင်ပြီး ထိပ်ဆုံးရောက်အောင်ကြိုးစားနေတာမို့တမလွန်ကနေ ကျေနပ်မယ်လို့ မျှော်လင့်မိပါတယ်လေ..နှုတ်ဆက်ရမည့်အချိန်ရောက်သဖြင့် မိုက်ကို ကိုင်လိုက်ပြီး
"Annyeong Erigom လေးတွေ ဒီနေ့ပျော်ကြရဲ့လား?''
"Nae!!''
တပြိုင်တည်းဖြေလိုက်သည့်အသံလေးတွေကြောင့်ရင်ထဲမှာကြည်နူးမှုအပြည့်နဲ့ နှလုံးသားထဲ သိမ့်ခနဲ ခံစားလိုက်ရသည်..
"Arr ဒီနေ့တော့ နှုတ်ဆက်ရတော့မယ် ထင်တယ်''
"Hum!!''
"ဒါပေမဲ့ စိတ်မပူပါနဲ့ နောက်ပွဲတွေအများကြီး ကဦးမှာမို့ လာကြဦးမယ်မလား?''
"Nae!!''
"ဟုတ်ပါပြီ ဒါဆို အိမ်ကိုကောင်းကောင်းပြန်ကြနော် စာလည်းလုပ်ကြ ကိုယ့်အကြောင်းပဲတွေးမနေကြနဲ့ သိပ်ချစ်တာသိတယ်ဟုတ်''
YOU ARE READING
You Could Change My Everything(Season-2)
Fanfictionကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)