အကုန်ပြီးသွားတော့ အိမ်မှာ kyungsooနဲ့ အဘိုးပဲကျန်တော့သည်..
Baekhyunတို့နဲ့Junmyeonတို့ကတော့စောနလေးကမှပြန်သွားကြတာ..
Luhanတို့က တော့ ဒီနှစ်မလာနိုင်..အခန်းထဲ ဝင်မည်ပြုနေသော အဘိုးအား
"အဘိုး''
"ဟင် မြေးလေး ''
"အာ ကျွန်တော် မေးစရာလေးနည်းနည်းရှိလို့ ခနလောက်''
"အေးအေး မေးလေ မြေးလေး''
အဘိုးက ပြောပြီးသည်နှင့် kyungsooရှေ့sofaမှာဝင်ထိုင်လိုက်သည်..
"ကျွန်တော် ဒီနေ့ hyungဆီသွားတာ အဘိုးသိတယ်မလား အဲ့မှာလူတစ်ယောက်တွေ့ခဲ့တယ် အဲ့လူက hyungကို ကျေးဇူးတင်နေတာ ပြီးတော့ သူက''
Kyungsooမပြောခင် အဘိုးကိုတစ်ချက်ကြည့်လိုက်သည်..အဘိုးကတော့ kyungsooပြောသည့်စကားကိုသာ အာရုံထားနေဟန်..
"သူက Hyungနဲ့ သိပ်တူတာအဘိုး''
"ဘလို''
"အဲ့ဒါ ကျွန်တော့်ကိုပြောပြပါ အဘိုး သူကဘာလို့hyungကို ကျေးဇူးတွေတင်နေတာလဲ ကျွန်တော် ဘာတွေမသိခဲ့တာလဲ ပြောပါဦး''
အဘိုးက သက်ပြင်းတစ်ချက်အသာချပြီး
"အင်း မြေးလေး Jonginလေးဆုံးတော့ မြေးလေးနှစ်ရက်လောက်မေ့နေတာလေ အဲ့အချိန်မှာ ကလေးတစ်ယောက်က နှလုံးအသည်းအသန်အစားထိုးဖို့လိုနေတယ် Jonginရဲ့ နှလုံးနဲ့ အဆင်ပြေတယ်ဆိုလို့ အဘိုးလှူလိုက်တာ Jonginသိရင်လည်း ကျေနပ်မှာပဲလေ အဲ့ဒါ သူထင်တယ် မြေးရယ်''
"ဟား အဘိုး အဲ့အကြောင်းကို ကျွန်တော့်ကို ၁၀နှစ်လုံးမပြောပဲထားတာပေါ့ အခု ကျွန်တော်သာ မမေးရင် ဟာဗျာ''
"မြေးလေးသိရင် ပိုစိတ်ဆင်းရဲမှာစိုးလို့ပါကွယ်''
"Baekhyunတို့luhanတို့ရော သိလားအဘိုး''
"အင်း သူတို့လည်းသိပါတယ်''
"ဟား နေနိုင်လိုက်ကြတာဗျာ ဘလိုများ ဒီလောက်နှစ်တွေ အကြာကြီး ဖုံးထားခဲ့ကြတာလဲ''
Kyungsooပြောနေရင်း မျက်ရည်တွေက စီးကျလာသဖြင့် လက်ခုံဖြင့် ခပ်ကြမ်းကြမ်း ဆွဲသုတ်လိုက်သည်..
YOU ARE READING
You Could Change My Everything(Season-2)
Fanfictionကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)