လေယာဉ်ပေါ်ရောက်တော့ တိုက်တိုက်ဆိုင်ဆိုင် ခုံကအရှေ့နဲ့အနောက်..
သူကတစ်ယောက်ထဲလွတ်လွတ်လပ်လပ်ထိုင်ချင်တာမို့ နှစ်ယောက်စာကိုတစ်ယောက်ထဲယူထားတာ..Do Kyungsooက သူ့နောက်မှာ..သူ့လူတွေကတော့ အနောက်မှာ သပ်သပ်စီထိုင်နေကြသည်..
ခနကြာတော့ Do Kyungsooဘေးနားရောက်လာသော လူတစ်ယောက်..အရပ်ကြီးကအရှည်ကြီး..ဘသူ့ကိုမှလူမထင်တဲ့ ရုပ်မျိုးနဲ့ သူ့ဘေးနားထိုင်ရမယ့် Do Kyungsooကိုမြင်တော့ မျက်နှာကြီးကပြုံးသွားသည်..
Kaiကြည့်လိုက်တော့ kyungsooကသူ့ဘေးနားမှာလူရောက်နေတာကိုသိမည့်ပုံမပေါ်..
လက်ကိုပိုက်ကာ မျက်လုံးကိုမှိတ်ရင်းအိပ်နေသည်..လေယာဉ် ထွက်ပြီးနည်းနည်း ကြာတော့ kai စိတ်ထဲတစ်မျိုး ဖြစ်လာတာကြောင့် လှည့်ကြည့်လိုက်တော့..
အား!!
Do Kyungsooရဲ့ခေါင်းက ဟိုလူ့ပေါ်ရောက်နေတာ..စိတ်ထဲမှာ ဒုန်းခနဲဖြစ်သွားပြီး ဘလိုက ဘလို ဖြစ်သွားမှန်းမသိ အနောက်ကိုလျှောက်သွားကာ Do Kyungsooဘေးကလူရဲ့ ပုခုံးကိုပုတ်ကာ
"Hey Mr..He's my boyfriend.. He is angry with me.. That is my place and Can you take my seat?''
-ဝုန်း
ထိုလူထရပ်လိုက်တာ ဝုန်းဆိုပြီမြည်သွားတာကြောင့် မအိပ်သေးတဲ့လူတစ်ချို့ကတော့ လှည့်ကြည့်ကြသည်..
Kaiကတော့maskတပ်ထားတာမို့ ဘသူမှသိမယ်မထင်..
သူထလိုက်တော့ kyungsooကိုယ်လေးက ဟိုဘက်ပြေးကပ်သွားကာ ခေါင်းလေးက လေယာဉ်နဲ့သွားဆောင့်သော်လည်း အကိုတော်က မနိုး..
ကျစ်!နာသွားတော့မှာပဲ..ဒီလူကတော့..!!"မင်း!!!''
"အာ koreaလူမျိုးပဲ ကျေးဇူးပြုပြီးတောင်းဆိုတာပါ နေရာလေးလဲပေးပါလား ''
"ကျစ်! ရှုပ်ရှုပ်ယှက်ယှက်! !လဲပေးမယ် လဲပေးရင်ရပြီမလား ''
"ဟုတ် ကျေးဇူးပါနော် ''
ထိုသူကပြောပြီး သူ့အိတ်ကိုဆွဲယူကာ Dokyungsooကိုတစ်ချက်ကြည့်သွားသေးသည်..
ထိုသူထွက်သွားမှ ယူလာသောအထုပ်ကိုခြေရင်းနားအသာချလိုက်ကာ ဟိုဘက်ရောက်နေသောကိုယ်လုံးလေးကို အသာဆွဲယူရင်း ခေါင်းလေးကိုသူ့ပခုံးပေါ်တင်လိုက်သည်..
အကြည့်တို့ကမှိတ်နေတဲ့မျက်လုံးလေးတွေ ကနေတစ်ဆင့် စုထွေးပြီးနီနီရဲရဲလေးဖြစ်နေတဲ့ နှုတ်ခမ်းလေးဆီရောက်သွားတော့ အမြန်အကြည့်လွှဲလိုက်ရသည်..
YOU ARE READING
You Could Change My Everything(Season-2)
Fanfictionကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)