ဒီရက်ပိုင်း scheduleတွေလည်းမရှိသေးတာမို့ အိမ်မှာအေးအေးလူလူနေဖြစ်သည်..
မိဘတွေကလည်းLondonမှာဆိုတော့အိမ်လည်းပြန်ဖို့ခက်တာမို့ တစ်နှစ်မှတစ်ခေါက်လောက်သာ ပြန်သည်..လူကလည်းစိတ်တွေကပုံမှန်မဟုတ်သေးတာမို့ ဘသူနဲ့မှမတွေ့မိ..
ပရိတ်သတ်တွေလွမ်းနေကြမှာတွေးမိပေမဲ့ကိုယ့်ကိုကိုယ်တောင်နားမလည်နိုင်သေး..
ယောကျာ်းအချင်းချင်းကိုဒီလိုစိတ်မျိုးဝင်နေသည့်ကိုယ့်စိတ်ကို သာ မီးနဲ့ရှို့ပစ်ချင်သည်..စိတ်ပြေလက်ပျောက်ဖြစ်ရန်အပြင်သွားဖို့ပြင်လိုက်သည်..
Hoodieအမည်းရောင်ကိုကောက်စွပ်လိုက်ကာ
Maskတပ်လိုက်သည်..
ဘောင်းဘီကတော့မလဲတော့..လမ်းထိပ်ကmartလေးကိုဝင်ပြီး အိမ်အတွက်လိုအပ်တာလေးတွေဝယ်နေတုန်းအရှေ့ကလူရဲ့ခြင်းနဲ့တိုက်မိသွားတာမို့တောင်းပန်ရန်ကြည့်လိုက်သည်..
အဘိုးတစ်ယောက်..
ဘေးနားမှာ သက်တော်စောင့်လိုလိုလူတွေပါတာမို့ ချမ်းသာတဲ့အသိုင်းအဝိုင်းကဖြစ်ဟန်တူသည်..လူကြီးနဲ့စကားပြောရမှာမို့maskကိုချွတ်လိုက်ကာ တောင်းပန်လိုက်သည်....
"ဟို အဘိုး sorryနော် ကျွန်တော်မမြင်လိုက်လို့''
သူတောင်းပန်နေတာကိုဘာမှမပြောပဲဒီတိုင်းကြီးစိုက်ကြည့်နေတာမို့ကြောင်သွားရသည်..
"ဟို အဘိုး''
"မြေးလေးက မြေးလေးက Jonginလေးရဲ့ နှလုံးသားကိုယူထားတဲ့သူလားကွယ်''
"ဗျာ?
အာ ဟုတ်ကဲ့ ''
ထိုအဘိုးက Kaiလက်ကိုဆွဲယူပြီးမျက်ရည်တွေဝေ့နေသောမျက်လုံးများဖြင့်ကြည့်ကာ
"တကယ်တူတာကိုး Jonginလေးနဲ့ Kyungsooပြောတုန်းက ဒီလောက်တူမယ်မထင်ခဲ့ဘူးကွယ် ကျေးဇူးတင်ပါတယ်ကွယ် အခုလိုကောင်းကောင်းရှင်သန်နေပေးလို့''
"အာ မဟုတ်တာ ကျွန်တော်က ကျေးဇူးတင်ရမှာပါ''
ဘာကြောင့်မှန်းမသိ ဒီအဘိုးပြောနေတဲ့စကားတွေကြားပြီးအဘိုးမျက်နှာကိုကြည့်ကာ ငိုချင်လာရသည်..
YOU ARE READING
You Could Change My Everything(Season-2)
Fanfictionကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)