I'll Forget You

1.5K 164 9
                                    

ဆိုင်အပြင်ရောက်တော့ နှစ်ယောက်သားဘာမှမပြောဖြစ်ကြသေး..
ဆိုင်ရှေ့ကခုံတန်းလေးမှာထိုင်ရင်းငြိမ်သက်နေမိသည်..

"ဟို Kyungsoo shi ''

"ဟင်''

သူက မျက်လုံးဝိုင်းဝိုင်းလေးတွေဖြင့်လှည့်ကြည့်လာတော့ရင်ခုန်သံတို့ကထိန်းမရ..
ဒီလူနဲ့နီးနီးကပ်ကပ်နေရင် Kim Kaiတော့နှလုံးအခုန်လွန်ပြီးသေနိုင်သည်..

"ကျွန်တော့်ကိုသိလား''

"အင်း သိတာပေါ့ နာမည်ကြီးidolပဲ ''

"မဟုတ်ဘူး ကျွန်တော်ပြောချင်တာကလေ ဟို Kim Jongin''

Kim Jonginဆိုသောနာမည်ပါလာရုံနှင့် Do Kyungsoo ၏ မျက်ဝန်းများအရောင်ဖျော့သွားသည်ကိုတွေ့လိုက်ရသည်..

"Kim Jongin လား ?''

"အင်း ဟုတ်တယ် ကျွန်တော်က Kim Jonginshiရဲ့နှလုံးသားကိုအစားထိုးထားတာလေ အဲ့ဒါဟိုနေ့က Kyungsoo shiက ကျွန်တော့်ကိုနှလုံးသားဂရုစိုက်ဖို့်ရောပြောသွားသေးတယ်လေ ပြီးတော့ kyungsoo shiကို Jongin shiရဲ့ ဆယ်နှစ်ပြည့်တုန်းက ကျွန်တော်တွေ့ခဲ့သေးတယ်''

"အာ Kim Jonginက ငါ့ချစ်သူပါ ''

"ချစ်သူ!?''

သူအလန့်တကြားဖြင့်မျက်လုံးပြူးပြီးမေးတော့Do Kyungsoo က ရယ်ကာ

"ဘာလဲ ယောကျာ်းလေးအချင်းချင်း ချစ်သူမဖြစ်ရဘူးလား?''

"အာ အဲ့လိုမဟုတ်ပါဘူး ကျွန်တော်က ညီအကိုမှတ်လို့ပါ ''

"အင်းပါ ဒါနဲ့ Kai ကျွန်တော့်ကို ခေါ်တာ ဒါပြောမလို့မလား?''

"အမ် ဟုတ် ဟုတ် ''

တကယ်တမ်းက ပြောစရာတွေအများကြီး..
သူ့ဘေးမှာတကယ်တမ်းရောက်တော့ ပြောဖို့နေနေသာ ကိုယ့်ရင်ခုန်သံကို ကိုယ်ပြန်ထိန်းနေရသည်..
မလွယ်ပါဘူး Do Kyungsoo ရယ်..

"အင်း အဲ့ဒါဆို ကိုယ်သွားတော့မယ် ''

"ခန ခန နေပါဦး ''

ထသွားမည်ပြင်နေသော သူ့ရဲ့လက်ကို အသာဆွဲထားမိတော့သူက မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်ကြောင်ကြည့်လာသည်..
Tsk!!ဒီလက်က ဘာလို့သွားဆွဲတာတုန်း Kaiရယ်..

You Could Change My Everything(Season-2)Where stories live. Discover now