"Hyung Hyung မသွား မသွား ပါနဲ့ hyung!!!!''
ဖျက်ခနဲပွင့်လာသော မျက်လုံးနဲ့အတူ ငုတ်တုတ်ထ ထိုင်မိသည်..ရင်ဘတ်တို့ကနိမ့်ချည်မြင့်ချည်နှင့် အသက်ကိုပြင်းထန်စွာရှူနေရသည်..ဘေးနားကရေဘူးထဲကရေကိုယူသောက်လိုက်ပြီး ခနလောက်ငြိမ်ငြိမ်လေးနေလိုက်တော့မှ စိတ်တို့ကတည်ငြိမ်သွားရသည်..
Hyungဆုံးသွားသည့်နေ့ကို ၁၀နှစ်တာအတွင်းမကြာခဏ အိပ်မက်မက်လေ့ရှိသည်..ခါတိုင်းဆိုလန့်နိုးရုံလောက်ပေမဲ့ အခုက အသက်ရှူရတာပါ ခက်နေသည်...
အိပ်မက်ထဲမှာပါလာသော တစ်စုံတစ်ယောက်..
Kai..
သူကပါ ဘာလို့ kyungsooအိပ်မက်ထဲပါလာရတာလဲ...Hyungလက်ကိုကိုင်ပြီးအော်ကြီးဟစ်ကျယ်ငိုနေသော kyungsooကို ဘေးနားကနေ နှစ်သိမ့်ပေးနေသည်မှာ လှည့်မကြည့်သော်လည်း kaiမှန်းသိနေခဲ့တာ..
အိပ်ယာထက်အသာပြန်လှဲကာ မျက်ခွံတို့ကိုအသာမှိတ်စက်လိုက်သည်..
မှောင်မိုက်နေသောညဆိုးနှင့်အတူ မောပန်းခြင်းတွေကင်းပါစေ...
...........................Companyရောက်တော့ လမ်းမှာတွေ့သည့်ဝန်ထမ်းတိုင်းကခါးကျိုးမတတ် နှုတ်ဆက်ရှာကြသည်..
Kyungsooအဲ့လောက်ကြောက်ဖို့ကောင်းနေပြီလား?Hyungအတွက် kyungsooကိုယုံကြည်ပြီး သူ့ပိုင်ဆိုင်မှုတွေအကုန်လွှဲခဲ့သောhyungအတွက် ပိုပြီးကြိုးစားခဲ့တာမို့ အနေတည်သွားကာ စည်းကမ်းကြပ်သွားရခြင်းပင်..
နောက်နေ့မှ အဲ့လောက်မကြောက်ကြဖို့ပြောဦးမှပါ..Meetingပြီးလို့် ရုံးခန်းထဲရောက်တော့ sofaပေါ်ကျောမှီထိုင်လိုက်ကာ TVဖွင့်လိုက်သည်..
ခနလေးဖြစ်ဖြစ် စိတ်အနားပေးခြင်းတာမို့ ဟာသ အစီအစဉ်လေးများရှိမလားလို့ လိုက်ရှာနေတာ..လိုင်းတစ်ခုကိုနှိပ်လိုက်တော့ အစီအစဉ်တစ်ခုမှ kaiပါနေတာမို့ ကြည့်လိုက်သည်...
ကျောင်းသားဝတ်စုံဝတ်ထားကာ လူကြီး ၇ယောက်လောက်နဲ့ ရယ်မောပြီးစကားပြောနေတာ..Knowing Brothersတဲ့..
Koreaနိုင်ငံမှာ ဒီလိုအစီအစဉ်လည်းရှိတာလား?
ကြည့်ရတာ ရယ်ရမဲ့ပုံပဲ..
ငယ်ငယ်ကတည်းကTVမကြည့်သော kyungsooအတွက် TVဆိုတာ လုံးဝအစိမ်းသက်သက်ပင်..
YOU ARE READING
You Could Change My Everything(Season-2)
Fiksi Penggemarကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)