"Kai မင်းနေမကောင်းဘူးလား မျက်နှာကဖြူဖတ်နေတာပဲ ''
"အာ ဟုတ်တယ် hyung နည်းနည်းနုံးချင်နေတာ လူက''
ကိုက်ခဲနေသော ခေါင်းကိုအသာနှိပ်ရင်း manager hyung ကိုပြန်ဖြေလိုက်သည်..
မနေ့ည တစ်ညလုံးအိပ်မပျော်..
သူက အအေးကြိုက်တဲ့သူဆိုတော့ Air-con ဒဏ်တွေလည်းပါမည်..
အရင်နေ့က ပင်ပန်းတာတွေပါပေါင်းပြီး မနက်ကျ ဖျားတော့သည်.."အာ့ဆို ဒီည နားမလား ငါ CEOကိုပြောပေးမယ်လေ မင်းကြည့်ရတာ ငါအားမရဘူး''
"ရတယ် hyung. Erigomတွေက ဒီညကျွန်တော်လာမယ်ဆိုပြီး မျှော်နေကြမှာရယ် ကျွန်တော်သွားရမှာ''
သူ့ကိုကြည့်ရင်း manager hyungက သက်ပြင်းအသာချတော့ ယဲ့ယဲ့လေးသာပြန်ပြုံးပြမိသည်..
ကိုယ့်အခြေအနေကိုယ်သိသော်လည်း အဝေးကလာရမည့်ပရိတ်သတ်တွေကိုတော့ စိတ်အပျက်မခံနို်င်ပါ..
သူ့မျက်နှာကိုသာကြည့်ပြီးနေခဲ့တဲ့ကလေးတွေမလား.."အေးပါ မင်းသဘော အခုဆေးသောက်ထားပြီးပြီလား''
"ဟုတ် သောက်ပြီးပြီ hyung''
"အေးအေး hyung မင်းအလှည့်ရောက်ရင် လာခေါ်မယ် နော်''
ခေါင်းသာအသာငြိမ့်ပြလိုက်ပြီး ထိုင်ခုံနောက်ကျောကို မှီရင်း မျက်လုံးတို့ကိုမှိတ်ထားလို်က်သည်...
သူ့အလှည့်ရောက်ခါနီးတော့ manager hyungကလာခေါ်သည်...
မှေးစင်းချင်နေသော မျက်လုံးတို့ကို ပြူးပြဲဖွင့်ကာ ကရမယ့်ကကွက် ဆိုရမဲ့သီချင်းစာသားတို့ကို မမေ့အောင်လေ့ကျင့်နေလိုက်သည်.."Kai လာတော့''
"အင်း''
Make-upပြင်ပေးတဲ့အမကိုမျက်ကွင်းညိုတွေဖုံးအောင် သေချာလေးပြင်ခိုင်းထားရသည်..
မဟုတ်ရင် Erigomတွေက တန်းသိကြမှာ..
သူ့မျက်နှာကို အရိပ်လို ကြည့်နေတဲ့သူတွေဆိုတော့..
ပထမတစ်ပုဒ်ပြီးတော့ လူက နည်းနည်းယိုင်ချင်လာသည်..
ပရိတ်သတ်တွေမရိပ်မိအောင်သာ သတိထားနေရတာ..နောက်ဆုံးအပုဒ်ထိအားတင်းဖျော်ဖြေပြီးသည့်နောက်လူက မတ်မတ်ပင်မရပ်နိုင်တော့..
ကသွားတဲ့ကကွက်တွေက လွတ်သွားတဲ့ နေရာအများကြီးရှိတာလည်းသိပေမဲ့ လူကမလိုက်နိုင်တော့ပေ.
YOU ARE READING
You Could Change My Everything(Season-2)
Fanfictionကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)