ကော်ဖီဆိုင်လေးအတွင်းတိတ်ဆိတ်နေပြီး VIPအခန်းတွင်းမျက်နှာချင်းဆိုင်ထိုင်နေသော လူနှစ်ယောက်သည်လည်း ဘာမှမပြောကြသေးပဲ ကော်ဖီခွက်ကိုသာ စိုက်ကြည့် ကြသည်..
အတန်ကြာမှ
"ကို ပြောလေ Heymiကိုပြောစရာ ရှိတယ်ဆို ပြောလေ ရောက်နေတာကြာလှပြီကို ''
"အမ် ဟာ ဟိုလေ ''
"ပြောပါကိုရဲ့ ''
"အင်း လမ်းခွဲကြမလား Heymi ah''
Kaiစကားအဆုံး coffeeခွက်လေးကိုကိုင်ထားသောheymiရဲ့လက်တွေပိုတင်းကြပ်သွားလေသည်..
"ဘာလို့လဲကို အကြောင်းပြချက်မရှိပဲနဲ့''
"...''
"ဟိုတစ်ခေါက်ကသူကြောင့်လား?''
"ဟင့်အင်း သူနဲ့ဘာမှမဆိုင်ပါဘူး ''
"ကျွန်မ က ကိုယ့်ကိုမတွဲချင်တော့တဲ့ လူတစ်ယောက်ကို ဆက်ဆွဲမထားပါဘူး အခုလို အကြောင်းပြချက်မရှိပဲကတော့ နည်းနည်းခံရခက်ပေမဲ့ ရပါတယ် ပြတ်ကြတာပေါ့ ဒီနေ့ပဲ Agencyကိုပြောလိုက်ပါ့မယ် မနက်ဖြန် Braekup comfirmလိမ့်မယ် တွဲတဲ့ကာလက ၆လကျော်ဆိုတော့သိပ်တော့ပြောကြမှာမဟုတ်ပါဘူး ''
"အင်းပါ Heymiလည်း ဒီထက်ပိုပြီး အောင်မြင်ပါစေ ကိုယ်သွားတော့မယ် ''
ဒီတိုင်းထိုင်နေရင် Heymiကိုပိုပြီးအားနာစရာတွေဖြစ်ကုန်မှာစိုးတာကြောင့်မြန်မြန်ထလာခဲ့သည်..
ချစ်တယ်မပြောပဲ သဘောကျတယ် ကြိုက်တယ် တွဲရအောင်ဟုဆိုကာ တွဲခဲ့သောကြောင့် တအားကြီးတော့မခံစားရ..
ဘက်စုံပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း တကယ်မချစ်ပဲ ဆက်တွဲနေရင် အားနာဖို့ကောင်းသောကြောင့် မြန်မြန်လေးသာဇာတ်လမ်းဖြတ်ခဲ့သည်..
ကိုယ့်ထက်ပိုကောင်းတဲ့သူနဲ့တွေ့ပါစေ Heymi..Heymiကတော့ထွက်သွားသော Kaiရဲ့ နောက်ကျောကို ကြည့်ပြီး
"ဒီတိုင်းလေးလွှတ်ပေးမယ်ထင်လို့လား Kai?''
ဟု ရေ ရွတ်ရင်းလက်ကျန် ကော်ဖီခွက်ကို မော့ချလိုက်လေသည်.."အဆုံးထိသွားလို့မရရင် အလယ်မှာကတည်းးကဖျက်ဆီးခဲ့ကြတာပေါ့ ''
YOU ARE READING
You Could Change My Everything(Season-2)
Fanfictionကိုယ့်ရဲ့အရာအားလုံးကိုမင်းအတွက်ပြောင်းလဲခဲ့ပေမယ့် မင်းရဲအရာအားလုံးက ကိုယ့်အတွက်မဟုတ်ခဲ့ဘူး (Zawgyi+Uni)