Get Out Of My Head

1.5K 170 5
                                    

"မင်္ဂလာပါ Kim Kaiပါ အားလုံးစိတ်ပူနေကြတယ်မလား?မပူပါနဲ့ ကျွန်တော်ဘာမှ မဖြစ်ပါဘူး အခုသက်သာသွားပါပြီ ကျွန်တော့်ရဲ့Erigomတွေအတွက် အကောင်းဆုံးတွေကိုပဲချပြဖို့ကြိုးစားနေတာမို့ ဆက်ပြီးအားပေးကြပါဦးလို့် bye bye''

Arielဖွင့်ကြည့်နေသော videoကို kyungsooနားမထောင်လည်းကြားနေရသည်...
နေကောင်းသွားပြီထင်ပါရဲ့..
အသံလေးကိုကမာနေတာ..

"Ariel သမီး ဘာတွေကြည့်နေတာလဲ ''

"ခ်ခ် Kai oppa instagramမှာတင်ထားတဲ့videoကိုကြည့်နေတာ ဟီးoppaနေကောင်းသွားပြီတဲ့ Uncle Soo''

Ariel က သူ့ကိုအမြဲတမ်းUncle Sooဟုခေါ်သည်..
ကိုရီးယား-အမေရိကန် ကပြားမလေး Areilကို သူ့အမေက မိဘမဲ့ဂေဟာ မှာသွားစွန့်ပစ်ထားတာမို့ Junmyeonတို့ကတွေ့ကာ မွေးစားခဲ့ခြင်း..
ကိုရီးယားလူမျိုးအမေရဲ့အသားအရေ အမေရိကန် လူမျိုးအဖေရဲ့ မျက်လုံးမျက်ခုံး တို့ကိုအပိုင်ရထားတာမို့ ကလေးကအခုကတည်းက အလွန်လှသည်..
ကြီးလာရင် ဝိုင်းဝိုင်းလည်နေလို့် Junmyeonတစ်ယောက်ခေါင်းပူရဦးမှာပင်...

"Uncle Sooကိုလည်းခနပြဦးလေ သမီး''

Arielလေးပြတဲ့ videoလေးကိုကြည့်တော့ kaiတစ်ယောက် နည်းနည်းပိန်သွားတာကလွဲရင်အဆင်ပြေနေတဲ့ပုံပင်..
ဘာစိတ်မှမရှိပေမဲ့လည်း hyung နှလုံးသားကိုလက်ခံရယူထားတဲ့သူကို အမြဲတမ်းကျန်းမာနေစေချင်တာ kyungsooရဲ့ အတ္တ...

-Ring Ring..

ကြည့်နေသော ဖုန်းကို Areilလက်ထဲပြန်ထည့်ပေးပြီး
စားပွဲပေါ်ကဖုန်းကိုကိုင်လိုက်သည်..

"Hello ''

"Hello Kyungsooah ငါ baekhyun''

"အင်း Baekhyun ပြောလေ''

"ဟီး kyungsoo ငါတို့ Dateကြမလား?''

"ဟမ် ''

"အာ ငါ ဟိုလူနဲ့စိတ်ဆိုးနေတာ အဲ့ဒါ မင်းနဲ့dateမယ်လို့''

တကယ်ပဲ..baekhyunက နှစ်တွေအများကြီး ကြာသွားတာတောင် အခုထိကလေးဆန်တုန်း..

"Chanyeol Hyung လာချော့တဲ့ထိစောင့်လေ baekhyunရယ် ပြီးတော့လည်း ပြန်ခေါ်မှာပဲ အသက်တွေလည်း၃၀ကျော်တော့မှာ မင်းက အခုထိ ကလေးဆန်မနေနဲ့တော့လေ ''

You Could Change My Everything(Season-2)Where stories live. Discover now