အပိုင်း(၅)
လွှမ်း လည်း အစည်း အဝေး ခန်း မ ထဲ က နေထွက် လာ ပြီး အိမ်ကို သာ တန်းပြီး ပြန်လာ ခဲ့ လိုက်သည် ။ထို လူ တွေ ဘယ် လို ဖြစ်ပြီး ကျန်နေ ခဲ့ လည်း မတွေး ချင် တော့ ပါ ။ဦးသိန်းဌေး ကို တော့ မျက်ခြည်မပြတ် ဖို့ နှငယ် အား စောင့် ကြည့် ခိုင်းရမည် ။သစ်ကောက် ဝါး ကောက် တာ သာ မြင် ရ မယ် လူ ကောက် တာ ကို တော့ မမြင် နိုင် ပါ။ ထို့ နောက်အိမ် ပြန် လာ ပြီး နုငယ်အား ဖုန်းဆက် ပြီး မနက် ဖြန် မလာ နိုင် ကြောင်း နှင့် ဦးသိန်းဌေး အား စောင့် ကြည့် ထား ရန် မှာ ကြား ထား လိုက်သည်။ထို့ နောက် ကြီး မေ နှင့် ထမင်း လက်ဆုံ မစား ဖြစ် တာ ကြာ သော ကြောင့် ထိုနေ့ က ညစာ ကို တော့ လက်ဆုံ စား ဖြစ် ခဲ့ လေသည်။
"ကြီးမေ မနက် ဖြန်မ နက် 10 နာရီ လောက် သွား မယ် နော် ဒရိုင် ဘာ မခေါ် တော့ ဘူး နော်"
"ယဉ်ယဉ် ညဉ်း လည်း လိုက် ရ မှာ ဆို တော့ အဆင် သင့် လုပ် ထား လိုက် နော် "
"ကြီး မေ သမီး နား တော့ မယ် နော်"
"အေးအေး သမီးရယ် ကြီးမေ ကျေး ဇူး တင် ပါ တယ် "
"မလိုပါ ဘူး ကြီးမေ ရာ ကြီး မေ သာ သမီး နား မှာ အသက် ရှည် ရှည် နေပေး နော် "
ထို ကဲ့ သို့ စကား များ ပြော ပြီး မိမိ အိပ် ခန်း သို့ သာ တက် လာ ရင်း စောစီးစွာ အနား ယူ ခဲ့ လိုက် လေ သည်။
_________________________________________
အိမ်မှာ ဧည့်သည် များ တည်း မည် ဆို သော ကြောင့် ဧည့်ဝတ် ကျေပွန် ရန် အ လို့ ငှာ ပု တု ကို ခိုင်း ထား သော် လည်း စိတ်မချ သော ကြောင့် အစအဆုံး ထောင့် စေ့ အောင် ကိုယ် တိုင် သာ လိုက် လုပ် နေရ ခြင်း ဖြစ်သည်။
"ပုတု ရေ ခေါင်း အုံး ဖုံး တွေ သေ ချာ ဖုံး ခြင် ထောင် လည်း သေ ချာ ထောင် ပေး နော် ကိုယ့် ရပ်ရွာ လာ မည့် ဧည့် သည် ကို ဂရု တစိုက် ပြုစု ရ မှာ ကြား လား ""ဟုတ် ကဲ့ ပါ ဒေါ် လေး ရယ် သိ ပါ တယ်"
"အေး အေ ညဉ်းသိ ပြီး တာ ပါ ပဲ တကည်း တည်း တော် မိကျောင်း မ က တစ်မျိုး အုတ်ကန် ထဲ တို့ ရေစည် တွေ ထဲ လည်း ရေ ဂရုစိုက် ဖြည့် မြို့ ကြီးသူ တွေ ဆို တော့ ရေ က ပေါ ပေါ သုံး ကြ မှာ "
YOU ARE READING
လေးဆယ်ကျော်အချစ်
Romanceအသက်လေး ဆယ် ကျော် အရွယ် အမျိုး သမီး နှစ် ဉီးရဲ့ ရင် ၌ ပေါက်ဖွား လာ သော ချစ်ခြင်း မေတ္တာအား ရိုးရိုး လေးသာ ပုံ ဖော် ထား သည်။