အပိုင်း(၂၀)
ခင်သည် သူ့အား လာ တောင်း မည် ဆို သောကြောင့် သူ့ ခြံဝိုင်း လေး ထဲ မှာ တော့ လူ ကပိုစည် ကား နေလေသည်။ယခင် က မှ ဈေးဆိုင် တည် ထား တော့ စည်ကား ရ သည့် အထဲ အခု တော့ အပျို ကြီး တစ်ယောက် စွံ တော့ မည် ။စွံတဲ့ လူ က လည်း အမျိုးသမီး တစ်ဦး နှင့် ဆို တော့ စပ်စု ချင် ကြသည် က တစ်ဖက် နှင့် လူ က ပို ပြီး စည် ကား နေလေ သည်။ ယခု လည်း သူ့အိမ်ဝိုင်း ထဲ တွင် မလုံးတင် က ဦးဆောင် ပြီး အပျိုတသိုက် ရောက်ချ လာ ခါ တဝေါဝေါ တသောသော နှင့် ဆူညံနေလေတော့ သည်။ ကျွန်မအား
"မကြီး ပြည့်စုံ ပျော် ရဲ့ လား ရင် ရောခုန် နေရဲ့ လား"
"ဟော မကြီး လုံး တင် က တော့ လုပ် ပြီ ရင် မခုန် သေ မှာ ပေါ့ "
မလုံး တင် အပြော ကို အပျိုမ တစ်ယောက် က စကား ထောက် လိုက် သော အခါ ဝေါ ခနဲ ရယ် ကြ ပြန် လေ သည်။ ပြီး နောက် ကျွန်မ အားဖြေလေ ဟု ပုံစံ ဖြင့် မ လုံး တင် က မျက်စပစ် ပြလေသည်။"ပျော် တာ ပေါ့ မလုံးတင် ရယ် ချစ် ရ သူနဲ့ နေရတာ ပဲ မပျော် ပဲ ရှိ ပါ့ မ လား"
"တွေ့ လား မ လုံး တင် အပျိုကြီး တောင် ကဗျာ ဆန် နေတတ် ပြီ ကျုပ် တို့ အပျို လေး တွေ က အား မငယ် ပေါင်နော့ အေးကြည်မရေ "
"ဟုတ်ပတော် ကျုပ်တို့ တော့ လေးဆယ် ထိစောင့် မယ်တော် "ဟုဆို ကာ ဝေါခနဲ ရယ် ကျ ပြန်လေသည်။သဘက်ခါတွင် သူ့ ဆီ ကို သွား ရ မှာ ဆို တော့ ကား အား ဝပ်လျှော့ တွင် ပြချင် လို့ တစ်ခါထည်း ဝပ်လျှော့ သာ မောင်း လာ ခဲ့ လေ သည်။ အထူး တလည် ပြင် စရာ တော့ မလိုပါချေ။ တစ် လတစ် ခါ စစ် နေ ကျ မ လို့ ယခု လည်း စစ်ဆေးရုံ မျှသာ ဖြစ် သည်။ စစ်နေကျကား စစ်နေကျ ဝပ်လျှော့ ဖြစ်နေသော ကြောင့် ခဏ ပဲ စောင့် ဟု ဆိုကာ လွှမ်း ကား ကို အရင် ဦးစား ပေး ပြင် ပေး လေ သည်။ ထိုသို့ ကား အား စစ်ဆေး နေသော အချိန် တွင် သူ့ အား ဖုန်း ခေါ် လိုက် သော အခါ
"ဟဲလို သူ လား "
တစ်ဖက် မှ ကိုင် လိုက်သော သူ က
"သူ တော့ သူ ပဲ ဒါ ပေမယ့် ပြည့်စုံသူ မဟုတ် ပါ ဘူး တော် ကျုပ် လုံးတင် ရယ်"
တဝါးဝါး တဟား ဟား နဲ့ လူ စည် နေသော အချိန်တွင် ခင့် ဆီ မှ ဖုန်း လာ သည် ကို မြင် တော့ ကိုင် လိုက် သည် က မ လုံး တင် ရယ် ပါ။
"ဪ ဟုတ် ပြော မ လုံး တင် "
"ကျုပ် က လေ ပြည့်စုံ သူ လို့ ညဉ်း မင်္ဂလာ ဆောင် ရင် ကျုပ် က သတို့သမီး အရံ လုပ် မှာ လို့ အပျို ကြီ း ဆို တော့ ကျုပ် က နှိမ် ထား တာ ပေါ့ တော် ကျုပ် က မရ မှာ သေ ချာ နေတော့ လေ ခု ဟာ က သူ က ရ သွား တော့ ကျုပ် က ဘယ် သူ့ သတိုးသမီး အရံ လုပ် ရ မှာ လဲ တော် တို့ က သတို့ သမီး တွေ ပဲ ဆို တော့ "
"ဟယ် မကြီး က လည်း သတိုးသမီး အရံ မလုပ် နဲ့ လေ သတို့ သမီး လုပ် ပေါ့ လွှမ်း ရှာ ပေး မှာ ပေါ့ "
"အမလေး တော် ဒီ အရွယ် မှ တော့ လုပ် ချင် ပါ ဘူး တော် မလွှမ်း ကျုပ် ဖုန်း ပိုင် ရှင် ကို ဖုန်း ပေး လိုက် တော့ မယ် တော် မျက် စောင်း တထိုး ထိုး နဲ့ ကျုပ် တို့ တော့ ပြာကျနေတော့ မှာ"
YOU ARE READING
လေးဆယ်ကျော်အချစ်
Romanceအသက်လေး ဆယ် ကျော် အရွယ် အမျိုး သမီး နှစ် ဉီးရဲ့ ရင် ၌ ပေါက်ဖွား လာ သော ချစ်ခြင်း မေတ္တာအား ရိုးရိုး လေးသာ ပုံ ဖော် ထား သည်။