အပိုင်း(၂၄)
"သူ့ကိုလက်ထပ်ပါရစေ"
ခင့်ရဲ့ စကား သံ အဆုံး သူ့ ရဲ့ ခေါင်းညိမ့် ပြခြင်း အဆုံး လက်ခုပ် ဩဘာသံ များ ၏ အဆုံး တွင် မင်္ဂလာ လက်စွပ် ဝတ်ဆင်ရန် အတွက် နုငယ်က စင်မြင့် အထက် သို့ တက်ရန် ဖိတ် ခေါ်လေသည်။ကြက်သွေးရောင် ကတ္တီပါ ဘူး လေး အား ဖွင့် လိုက် သော အခါတွင် တော့ စိန်ပွင့်များစွာစီခြယ် ထား သော မင်္ဂ လာ လက်စွပ် လေး နှစ်ကွင်း က တင့်တယ် စွာ နေရာယူ လျှက် ရှိ လေ သည်။
လက်စွပ် လေး အား အပြန် အလှန် လဲလှယ် ပြီးစွပ် ပေး လိုက် ချိန် မှာ တော့ ကျွန်မ တို့ ရဲ့ အချစ်တွေ အတွက် တစ်သက် တာ အတွက် ထာဝရ အတွက် တည်မြဲ နေ မှာ ဧကန် မုချပင်။
မင်္ဂလာ ပွဲ ရှိ ပရိသတ်များ အား ဧည့်ခံ ကျွေးေမွး ပြီး အိမ်သို့ပြန် လာ သော အချိန်တွင် ညနေ သုံး နာရီ ထိုး လု ပြီ။ လွှမ်း ကိုယ် တိုင် ကား မောင်း ချင် သော် လည်း သူ က စိတ် မချ ဟု ဆိုကာ နုငယ် အား ကား မောင်း ပြီး အိမ် သို့ သာ ပို့ ခိုင်း လိုက် လေ သည်။ အသစ်စက်စက် သော ချစ် မဝ သူ ဇနီး လေး ၏ ဘေး၌ လိုက် ပါ ခဲ့ လာ ရသော လွှမ်း၏ စိတ် ခံစား ချက် တွေ ဟာ ဆိုရင် ဖြင့် ကောင်း ကင် ပေါ်တွင် ပြန့်ကျဲ ပြီး ဟိုတစ်စု သည်တစ်စု ရွှေ့လျား နေ သော တိမ် တစ် အုပ် ကဲ့ သို့ ပေါ့ ပါး လွတ်လပ် နေလေ သည်။ရင်ခုန်သံ တွေ က တော့ ခပ်မြန်မြန် လေးပေါ့ သူရယ်။
ဒီနေ့ က လေ ကျွန်မ အတွက် ရာထူး တစ်ဆင့် တိုး သွား တဲ့ ခံစား ချက် နဲ့ ခင့် ဘေး မှာ ထိုင် နေ ရတာ ပေါ့ လေ။ မကြာတော့ တဲ့ အချိန် အတွင်း နဲ့ နေ့ရက် တွေ မှာ ကျွန်မ ဟာ ခင့် ရဲ့ ကြင်ယာဖက် တစ်ယောက် အနေ နဲ့ ရှေ့ဆက်ပြီး လျှောက်လှမ်း ရတော့ မှာ ။ ခင် နဲ့ ကျွန်မနဲ့ က ဇနီးမယား တစ်ဖြစ် လည်း အိမ်ထောင် တစ် ခု ကို ထူ ထောင် ရ တော့ မှာ။ အတွေး တွေ နဲ့ တောင် ရင်သပ်ရှု့ မော ရပါ လား ခင် ရယ်။
ဒါပေမယ့် ကျွန်မ ကို မပြော ပဲ စီစဉ် ထား သော ပွဲ အတွက် တော့ အနည်း ငယ် တော့ မူရပါ ဦး မယ်။ ပြီး တော့ ဒီ ည အတွက်................
"အို ကျွန်မအတွေး တွေ က" ဆယ်ကျော်သက် ကလေး တစ်ယောက် လို ရင်ခုန်ရပါ့ လား။
YOU ARE READING
လေးဆယ်ကျော်အချစ်
Romanceအသက်လေး ဆယ် ကျော် အရွယ် အမျိုး သမီး နှစ် ဉီးရဲ့ ရင် ၌ ပေါက်ဖွား လာ သော ချစ်ခြင်း မေတ္တာအား ရိုးရိုး လေးသာ ပုံ ဖော် ထား သည်။