အပိုင်း(၁၃)

3.2K 226 2
                                    

အပိုင်း(၁၃)

သူရှိနေသော နေ့ ရက် များ တွင် အိမ် ကနေ ပင် ကုမ္ပဏီ အလုပ် များ ကို လုပ် ချင် ပါ သော် လည်း ပုံ မှန်သွား နေ ကျ အတိုင်း သွား ရ မည် ဆို သော ကြောင့် အနား မှာ အချိန် ပြည့် မနေ ရ ပေ။ နေ့လည် စာ ထမင်း ကို လည်း အိမ်သို့ ပြန် ပြီးစား ရ မည် ဆို သော ကြောင့် နေ့ တိုင်း အိမ် သို့ ပြန် စား ရ ပေ သည်။ယနေ့ နေ့ လည် တွင် တော့ အိမ် ထမင်း ပြန်စား မည့် အချိန် တွင် လွှမ်း မသိသော နံ ပါတ် တစ် ခု နှင့် ဖုန်း တစ်ကောလ် ဝင် လာ သည်။လွှမ်း ကိုင် လိုက် သော အချိန် တွင်
"ဟဲ လို ဒေါ် လွှမ်း မာ ယာ ခင် လား "
"ဟုတ်ပါတယ် ကျွန်မ လွှမ်း မာယာ ခင် ပါ "
ထို လူ က ဆက် လက် ပြီး
"ခင်ဗျား ကျွန်တော့် ဖုန်း ကိုင် လိုက် တာ အရမ်း ကံ ကောင်း သွား ပြီ "
ထို အခါ လွှမ်းက
"ဘယ် သူ လဲ မသိ"
"ကျုပ် ဘယ် သူ လဲ ဆို တာ အရေး မကြီး ဘူး ခင်ဗျား အတွက် အကျိုး မယုတ် ပါ ဘူး ပေး စရာ ဓါတ် ပုံ တစ် ပုံ ရှိတယ် ။ တစ် ချိန် မှာ ခင်ဗျား လို အပ် လာ မှာ ပါ ။ ဘယ် အချိန် လဲ ဆိုရင် ခဏ နေ ကို ဖြစ် နိုင် တယ်။ ဒါ မှ မဟုတ် နှစ် ရက် သုံး ရက် နေရင် ပေါ့ ခင်ဗျား စိတ် ဝင် စား ရဲ့ လား "
"ကောင်း ပြီ လေ လို အပ် တာ ဆို ရင် တော့ စိတ် ဝင် စား ပါ တယ် ။ ဘာ့ ကြောင့် လွှမ်း က လိုအပ် တယ် လို့ ထင် တာ လဲ "
လွှမ်းက မေး ခွန်း ထုတ် လိုက် သော အခါ ထို သူမှ
"ခင်ဗျား နဲ့ အမျိုးသမီး တစ်ယောက် ပုံ social media မှာ ပျံ့ နေတာ လေ ။ခင်ဗျား ပါ တီ ပွဲ သွား တုန်း က လူ ပေါင်း များ စွာ မှာ မျက်လုံး ပေါင်း များ စွာ ရှိတယ် ဆို တာ မမေ့ ပါ နဲ့ အဲ့ဒီ ပုံ နဲ့ ပက်သတ် ပြီး ကျွန်တော် ပေး မယ့် ပုံ က အသုံး ဝင် ပါ လိမ့် မယ် ။ ဦး သိန်းဌေး ကို ရှော့ မတွက် နဲ့ ။ မနက် ဖြန် ခင် ဗျား ရုံး ခန်း မှာ အဲ့ ပုံ ရောက် နေ လိမ့် မယ်။ ပုံ ရောက် မှ ကျုပ် ဘာ လို ချင် လဲရယ် ဘာ့ ကြောင့် ပို့ လဲ ဆို တာ ရယ် ဆက် ပြော ပြ မယ် "
ထို ကဲ့ သို့ ပြော ပြီး ဖုန်းချ သွား လေ သည်။ လွှမ်း မှာ စဉ်းစား စရာ များ နှင့် ခုံ ပေါ် တွင် ထိုင် ပြီး တွေး နေ လိုက် လေ သည်။ထမင်းစား ပြန် ဖို့ တော့ မေ့မေ့ လျှေိာ့ လျှော့ နဲ့ ပင်။

ဧည့်ခန်း က နာရီ ကို ကြည့် မိတော့ ဆယ့်နှစ်နာရီတောင် ခွဲ နေ ပြီ။ အခုချိန် ထိ ပြန် မ လာ သေး သော သူ ကြီး အား နှုတ်ခမ်း ဆူ၍ စိတ် ကောက် ချင် ပါ သော် လည်း ကျွန်မသည် ဆယ် ကျော် သက် ကလေး အရွယ် မဟုတ် တော့ ခက် လှသည်။ဒါပေမယ့် လည်း ချစ် ရ သူ ကို တော့ စိတ် ကောက် ချင် လှ ပါ သည်။ဖုန်းဆက် တော့ လည်းဖုန်း မအား ကြောင်း သာ ဖြေနေလေသည်။ကုမ္ပဏီ က ဖုန်း နံ ပါတ် များ ကို တော့ မတောင်း ထား မိ ပါ။ ထို ကဲ့ သို့ အတွေး များ နဲ့ လွှင့် မျော နေ ခိုက် ခြံ ရှေ့ မှ ကား ဟွန်း တီးသံ ကြား သော ကြောင့် ထွက် ကြည့် မိ တော့ ပြန် လာ ပါပြီ ကျွန်မ ရဲ့ ခင်။

လေးဆယ်ကျော်အချစ်Where stories live. Discover now