အပိုင်း (၄)
ရွာ ဦး ကျောင်း မှ အပြန် အိမ်ရောက် ရောက် ခြင်း ပဲ ရေအိုး လေး ထဲ က ရေအေးအေး လေး တစ် ခွက် ကို ခပ် သောက် ပြီး အမော ဖြေ လိုက် သည်။ သဘာ ဝ ရေအေး လေး ကြောင့် ရင် ထဲ အေး ၍ အမော တော့ အတော် အသင့် ပြေ သွား သည်။ ထို့ နောက်ဆိုင်စောင့်နေသော ပုတု အား ခေါ် ပြီး
"ပုတုရေ ထမင်းစား ရအောင် ဟေ့ ထမင်း ပွဲ ပြင် လိုက် တော့အေ"
"ဟုတ် ဒေါ် လေး ဘဘုန်း က ဗျို့ ဟစ် တာ ဘာ ကိစ္စ တဲ့ တုန်း"
"ဪ အေ ညဉ်းက လည်းစပ်စု ပြန်ကောအေကလေး ကလေး လို နေစမ်းပါ ဦး အေ ငါ့မှာ ဗိုက် မှ ဆာ ရ တဲ့ ထဲ စား ရင်း နဲ့ ပြော မယ် အေ ထမင်း မြန်မြန် ခူး "
"ဟုတ် ကဲ့ ပါ ဒေါ် လေး ရာသိ ချင် လို့ မေး မိ တာ ပါ "
"ဟဲ့ ငါ့ ကို ပြန် ကပ် မနေ နဲ့ ခေါက် လိုက်ရ နဲ့တော်"
ပြော လည်း ပြော လက် က လည်း ခေါင်း ပေါ် ဒေါက် ခနဲ နဲ့ မနာ အောင် အသာ လေး ခေါက် လိုက် မိ လေသည်။ ထို အခါ ပု တု မျက် နှာ မှာရှုံ့ မဲ့ ၍ မနာ သောခေါင်း အား နာ သယောင် ပြ ၍ မီးဖို ခန်း လေး ထဲ သို့ ဝင် ရောက် သွား လေ သည်။ ပြော လို့ သာ ပြော ရ တာ ပါ ကျွန်မ ဘဝ လည်း ပုတု ရှိနေ လို့ သာ တိုးတိုး ဖော် ရနေတာ ပါ။ ဒီ လို အချိန် မှာ ကြ တော့ လည်း စော စောစီးစီး ထွက် ခွာ သွား သော ဖေ နဲ့ မေ တို့ အား လွမ်းမိ သား နော်။
"ဟောတော် ဒေါ်လေး ပြော တော့ ဆာ လှ ရော ဆို လက် ဆေး ပြီးြပီး လား စားရအောင် လေ "
"အေးအေး လာ ပြီ ပုတု ရေ "
ပုတု အား အသံ လှမ်း ပြု ရင်း အိမ်ရှေ့ အုတ် ကန်ငယ် လေး ဆီ မှာ လက် ကိုစနစ်တကျ ဆေး ပြီး ထမင်းစား ခန်း ထဲ ဆီသို့ သာ လှမ်း ဝင် ခဲ့ လေသည်။ ထမင်းစား ပွဲ ထိုင် ပြီး ပြီး ချင်း ပုတုဦး ချ ထား သော ထမင်း နှင့် ဟင်းအား စား လိုက် ရင်း
"ပုတု ရေ ရွာရှေ့ ဖျား က ရှေးဟောင်း စေတီ ပြင် မှာမြို့က ဖွားမေ လေ ညဉ်းသိ တယ် မ လားအဲ့ဒီ ဖွားမေ တို့ လာ ရင် ငါ တို့ အိမ် မှာ တည်း မှာ ဘယ် နှစ်ယောက် လဲ တော့ မသိ သေး ဘူး အဲ့ ဒါ သူ တို့ လာ ရင် အပေါ် ထပ် ကို နေ ရာ ပေးရ မှာ ညဉ်း သေ ချာ ရှင်း ထား လိုက် ဦး "
YOU ARE READING
လေးဆယ်ကျော်အချစ်
Romanceအသက်လေး ဆယ် ကျော် အရွယ် အမျိုး သမီး နှစ် ဉီးရဲ့ ရင် ၌ ပေါက်ဖွား လာ သော ချစ်ခြင်း မေတ္တာအား ရိုးရိုး လေးသာ ပုံ ဖော် ထား သည်။