အပိုင်း(၁၁)

3.4K 241 2
                                    

အပိုင်း(၁၁)

အလှူနေ့
ဘုရား ထီး တော် တင် ခြင်း နှင့် ကျောင်း ရေစက် ချ အခမ်းအနား မှာ ရွာလုံးကျွတ် မီးခိုး တိတ် ထမင်းရည် ချောင်းစီး မောင်း တီး ပြီး လှူ လိုက် တာ ခြိမ့်ခြိမ့် သဲသဲ နဲ့ ကြက်ပျံ မကျ စည်းကား နေ လိုက် ပုံ များ ထမင်းရုံ ကြီး မှာ လည်း လာရောက် စား သောက် သူ အပြည့် ရေစက် ချ ထား ပြီး လှူ ဒါန်း ထား တဲ့ ကျောင်း ကြီး မှာ လည်း ဧည့် ပရိသတ် များ က အပြည့် အလှူ့ အမ များ ဖြစ် ကြသော ဒေါ်သဲတုန်နဲ့ လွှမ်း မာယာ ခင် တို့ မှာ လည်း တပြုံးပြုံး နဲ့ လို အပ် တာ များ ဖြည့်ဆီး ပေး နေ ကြ လေသည်။ထမင်းရုံ ထဲ တွင် လည်း လို အပ် သည် များ ကို အော် ဟစ် ပြီး တောင်း နေ လိုက် ကြ တာ များ ကြည်နူး စရာ အပြည့် နဲ့ သာ။

ကြည်နူး ရ ပီတိ ဖြစ် ရ မှု များ နှင့် အတူ လွှမ်း ၏ ချစ် ရ သူ လေး အား ဝေ့ဝဲ ပြီး ရှာ လိုက် သော အခါ ‌
ဟော တွေ့ ပါ ပြီ သူ့ရပ်သူ့ ရွာ မှာ ဆို တော့ ဧည့် သည် တွေ ကို များ ဧည့် ခံ နေ လိုက် တာ တပြုံး ပြုံး နဲ့ သာ ပေါ့။

ဧည့်သည် များ ကို ဧည့်ခံ နေ ရင်း ရုတ်တရက် လှမ်း ကြည့် လိုက် သော အခါ ဆုံမိ သော မျက်ဝန်း တစ်စုံ သည် ကြည်နူး မှု များ နှင့် ဝမ်းသာ နေ သော အပြုံး လေး ကို တွေ့ ရ လေသည်။ ပြုံး လိုက် လည်း လှတာ ပဲ လား ခင် ရယ်။ဧည့်သည် များ ရှင်း စ ပြု သော အချိန် တွင် ခင် သည် ကျွန်မ နား မယောင် မလည် နဲ့ ရောက် လာ ပြီး  ကျွန်မအား
"ခဏ လောက် လိုက် ခဲ့ ပါ လား "

ကျွန်မ အား ခပ် တိုး တိုး ခေါ် ပြီး ရှေ့ က နေ ထွက် သွား သူ နောက် အား ထက်ကြပ် မကွာ လိုက် ရင်း လူ ရှင်း သော နေ ရာ သို့ ရောက် သော အခါ ကျွန်မ ၏ လက်တစ် ဖက် အား လှမ်း၍ ဆုပ် ကိုင် ရင်း

"ဘုရား နား ခဏ သွား ရ အောင် သူ "

"အင်းသွား လေ ခင်"

ဘု ရား သည် ခင် လှူ ထား သော ဇရပ် ၏ မျက် စောင်း ထိုး ကုန်း ပြင် မြင့် တွင် တည် ရှိ သည်။ ဘုရား ဖက် အားလှမ်း မျှော် ၍ ကြည့် လျှင် သစ်ရိပ် ဝါး ရိပ် ခပ် အုပ် အုပ် များ ကြောင့် လူ သူ လေး ပါး အား မြင် ဖို့ ခဲ ယဉ်း လေ သည်။ ဘုရား ပေါ် သို့ တက် ရန် လှေ ကား အနည်း အကျဉ်း အား တက် ရင်း ဘုရား ရင် ပြင်တော် သို့ ရောက် သော အခါ မှာ တော့ ဘုရား ရိပ် ၏ အေး မြ မှု့ ကို ခံ စား ရ လေသည်။ ခင် နှင့် သူ သည် ဘုရား စေတီ အား ရှိခိုး ဦး ခိုက် ပြီး လက်ယာရစ်တစ်ပတ် ပတ် ပြီး ရင် ပြင် တော် ပေါ်တွင် ဘုရား ဖူး များ နား နေ ရန် အတွက် ခုံလေး များ ရှိ သော ကြောင့် ခုံ ပေါ် တွင် ထိုင် ကာ ခင် ကနေ ပြီး

လေးဆယ်ကျော်အချစ်Where stories live. Discover now