Extra!

3.9K 225 16
                                    

Extra !

"မိန်းမ ရေ မိန်းမရေ"

အိမ်ရှေ့မှတကြော်ကြော် အော်ခေါ်နေသော ခင့် ကြောင့် မီးဖို ချောင် ထဲ က လုပ်လက်စ အ လုပ် များ ကို ချ ထား ပြီး အိမ်ရှေ့ သို့ အလျင်စလို ပြေးထွက် လာရ သည်။ အနား ရောက် သော အခါ မှ

"လွမ်းလိုက်တာ မိန်းမရာ တဲ့"

တစ်အိမ်ထဲမှာ တူ တူ နေနေတာ ကို လေ အရှေ့ဧည့်ခန်း နဲ့ မီးဖိုး ခန်း လေး က အလွန်ဆုံး ရှိလှ အရှေ့အနောက် ဆယ့် ငါးပေ ပေါ့ အဲ့ တာ ကို တကြော် ကြော် အော် ခေါ် နေ တာများ ဘာများ ဖြစ်သလဲ လို့ လူ ကို အထိတ်တလန့် န‌ဲ့သာ။

လက်ထပ် ပြီး တဲ့ တစ်နှစ် အတော အတွင်း မှာ ခင် သည် လုပ်ငန်းများ အား လုံး အား နုငယ် အား လက် လွှဲ ဖြင့် လုပ် ကိုင် စေ ပြီး သူ့အနား မှာ ပဲ နေ မယ် ဟု ဆို ကာ အလွန် မြတ်နိုး လှ ပါ သည် ဟု ဆို သော ကုမ္ပဏီ၏ CEO နေရာ ကို ဦးမင်းဟန် အား လက် လွှဲ၍ လုပ် ကိုင် စေ ခဲ့ လေသည်။

အိမ်ထောင် တစ် ခု ထူ ထောင် ပြီးသည့် အချိန် မှ စ၍ သူ့ အား ဘယ် အရာ မှ မျက်နှာ မငယ် စေ ခဲ့ ရ သလို ။ အမြဲ အလျှော့ ပေး ကာ ချစ်ပေးသော ခင့် ကြောင့် ကျွန်မမှာ တော့ အမြဲ အချစ် ပို နေ ရ ပါ သည်။

"လွမ်းလို့ " ဆိုပြီး အနား ခေါ် ထား ကာ မှာ ဘာ မှ မမေး ဘာ မှ မပြော ပဲ လွှမ်းအား စိုက် ကြည့် နေသော သူ့ ကြောင့် အနား သို့ တိုး ကာ ပါးလေး အား အနမ်း ပေး လိုက် သော အခါ မှ သတိ ဝင် လာ ပြီး
"ခင် ပြော လေ အနား ခေါ် ထား ပြီး အနောက် က ဟင်းအိုး ကတူး လိမ့် မယ် "
"အင်း ပြော မယ်  သူ ခင် တို့ ကလေး ပိစိလေး ယူ ကြ ရ အောင် "
"အင်း ယူ တာ က ဟုတ် ပါ ပြီ ရှင့် အသက် က လေးဆယ် ကျော် ကျွန်မတို့ အသက် ခြောက်ဆယ် မှ က လေး က အသက်နှစ်ဆယ် ဘုရား တရား လုပ် ရ မယ့် အရွယ် မှ သားသမီး ကြောင့် မပူ ပန် ချင် ပါ ဘူး ခင် ရယ် သူ က ခင် နဲ့ တူ တဲ့ ကလေး ပိစိ လေး တွေ မွေး ပေး ချင် တာ ပေါ့ ဒါ ပေမယ့် အခု တော့ နေဦး ကျွန်မ ဟင်း အိုး လေး သွား ချ လိုက် ဦး မယ် ခဏ စောင့်  ပြီး မှ ဆွေး နွေး မယ် "

ယူပြီး လေး လ လောက် ကတည်း က ကလေး ပိစိ လေး တွေ တွေ့ရင် သဲသဲ လှုပ်ချစ် နေတဲ့ ခင့် ကို သတိ ထား မိ သော် လည်း သူ့ ကို တော့ ဘာ မှ မပြော ချေ။ အခု မ‌ှ ဘာ တွေ စိတ် ကူး မိတယ် ရယ် မသိ ။ကျွန်မ လည်း မိသားစု ဘဝ လေး လို ချင် တာ ပေါ့ လေ။ သား တွေ သမီး တွေ နဲ့ တီတီတာတာ နေ ချင် ပေ မယ့် လည်း အရွယ် က တော့ စကား ပြော နေ ပြီ မဟုတ် လား။ နောက် ဖေး က ဟင်း အိုး ကို ချ ပြီး ဧည့် ခန်း ထဲ ဝင် လာ တော့ ဖုန်း ပြော နေသော ခင့် ကြောင့် တိတ်ဆိတ် စွာ ပဲ ထိုင် နေ လိုက် လေ သည်။ခဏ အကြာ မှာ တော့
"ကြီးမေ ဆက် တာ သူ  ရွာ မှာ ပဲ အမြဲ တမ်း ယောဂီ အဖြစ် နဲ့ နေတော့ မယ် တဲ့ အဲ့ဒါ လှမ်း ပြော တာ တဲ့ ပုတု နဲ့ ယဉ်ယဉ် ကို လည်း ခေါ် ထား မ လား တဲ့ "
"အင်း ခင့် သဘော က ရော "
"ကြီးမေ က မှ နေ မယ် ပြော နေမှ တော့ နေ ခိုင်းရုံ ပေါ့ ခင် တို့ တစ် လ တစ် ခါ သွား ပြီး ကြီးမေ အတွက် လို အပ် တာ လေး သွား လုပ် ပေးရုံ ပေါ့ သူ့ ဆိုင် ကို လည်း ပိတ် လိုက် တော့ လေ သူ လည်း အရောင်း အဝယ် လုပ် လို့ မှ အဆင် မပြေ တော့ တာ ဒီမှာ ခင့် ရဲ့ အိမ် ရှင် မ ဖြစ် နေ ပြီ ကိုး ပုတု နှင့် ယဉ်ယဉ် ကို တော့ စက်ချုပ် သင် တန်း လေး တက် ခိုင်း ပြီး ဆိုင် လေး ဖွင့် ပေး လိုက် မယ် လေ။ သူ့ အိမ် ကို တော့ အိမ် ငှား ထား ချင် လည်း ထား မထား ချင် လည်း ခင် တို့ ရွာ ပြန် ရင် နေ လို့ ရ တာ ပဲ ကို "
"အင်း ခင် အဆင် ပြေ သ လို သာ လုပ် လေ သူ ကတော့ ခင် ဘာ လုပ် လုပ် ကျေနပ် ပါ တယ် "
ကြီးမေ သည် ရွာ မှာ လွှမ်း တို့ မင်္ဂလာ ပွဲ ပြီး က တည်း က တရားစခန်း ဝင် ရင်း ပြန် လိုက် သွား လိုက် လုပ် နေသော် လည်း ယခု တော့ မွေးရပ် မြေ မှာ ပဲ ခေါင်း ချ ချင် သည် ဟု ဆိုလာ သော ကြောင့် အမြဲ တမ်း ယောဂီ အဖြစ် နဲ့ နေ မည် ဟု ဆို ခြင်း ဖြစ် ပေ လိမ့်မည်။ လွှမ်းကို လည်းစိတ်ချ သွား တာ လည်း ဖြစ် ပါ လိမ့် မည်။
"မိန်းမ ခု န ကလေး ယူ မယ့် ကိစ္စ က ရော ဘယ် လိုလဲ "
"ခင် ရယ် အရွယ် တွေ က စကား ပြော ပြီ လေ ကွယ်"
"အင်း‌ပါ လေ ဟုတ်တော့ လည်း ဟုတ် ပါ တယ် ဒီလို ဆို ရင် ရော မွေးစား ဖို့ ကျရော သဘော တူ လား "

လေးဆယ်ကျော်အချစ်Where stories live. Discover now