အပိုင်း(၉)
"မမခင် သဘော "
ဆို သော စကား သည် ပြိုင်ပွဲ ကြည့် ရန် အတွက် တင် သာ မဟုတ် မမခင် နှင့် ည ပါ အတူ လာ အိပ် ရန် တောင်း ဆို သော ကြောင့် အခု တော့ မမခင် အခန်း ထဲ ကို ကျွန်မ ရောက် နေလေ ပြီ။မမခင် သည် ကျွန်မအား ခဏ ဟု ဆို ကာ ရေ ချိုး ခန်း ထဲ သို့ ဝင် သွား သည် မှာ နာရီဝက် ခန့် ရှိလုပြီ။ကျွန်မလည်း ခုတင် ပေါ် တွင် ကျုံ့ကျုံ့ လေး ထိုင် နေ ရင်း အတွေး တွေ ယောက်ယက် ခတ် နေသည် မှာ အခန်း တွင်း ရှိ ဖွင့် ထား သော အဲယားကွန်း လေ ၏ အေး မြ နေ မှု့ ကို မခံစား နိုင် ပါ။
လွှမ်းသည် ရေ ချိုး ခန်း ထဲ ရောက် နေ တာ နာရီ ဝက် ရှိ နေ လေ ပြီ။ သူ့ အား အခန်း ထဲ အိပ် ရန် ခေါ် ပြီး ဘာ အကြောင်း အရာ တွေ ပြော ရ မ လဲ ဆို တာ ကို ရေ ချိုး ခန်း ထဲ ဝင်၍ စဉ်းစား နေ ခြင်းသာ။ ဒီ့ ထက် အချိန် ကြာ မြင့်စွာ နေ လို့ လည်း မဖြစ် သည် မ လို့ ရေ ချိုး ခန်း ထဲ မှ ထွက် ရန် ရေချိုး ခန်း တံ ခါး ကို ဖွင့် လိုက် သော အခါ တံခါး ဝ တွင် ရပ် နေသော သူ က
" ဟို မမခင် ဝင် သွား တာ ကြာ လှ ရှိ နေ လို့ ပြော စရာ ရှိ တာ ဘာ များ လည်း မရှိ ဘူး ဆို လည်း ယဉ်ယဉ် နဲ့ ပဲ သွား အိပ် လိုက် တော့ မယ် "
ထိုအခါ လှုပ်တယ် ဆို တဲ့ နှုတ်ခမ်း လေး က ထွက် ကြ လာ သော စကား တစ် ခွန်း သည်
"ချစ် တယ် "
"သူ့ ကို ချစ် တယ်"
" အခု လွှမ်းရှေ့မှာ ရပ် နေ တဲ့ ဟော ဒီက ပြည့်စုံသူ ဆို တဲ့ သူ့ ကို ချစ် တယ် "မျှော်လင့် မိ နေ သော စကား များ ဖြစ် သော် လည်း ရုတ်တရက် ကြား လိုက် ရ သော စကား ဖြစ် သော ကြောင့် အံ့ဩခြင်း ဝမ်းသာခြင်း များရော ယှက် လျှက် မမှိတ်မသုန် ဆိုက် ကြည့် နေ သော မမခင်၏ အကြည့် စူး စူး များ ကို ရင်မဆိုင် ရဲ လှ ပါ။ထိုအခါ မမခင် က ဆက် ပြီး ပြော လာ သော စကား များ သည်
်
"လွှမ်း ကို ပြန် ချစ် ကို ချစ် ပေး ရမယ် ငြင်း ဖို့ မစဉ်း စား ပါ နဲ့ မြင်မြင်ချင်း ချစ် မိ ခဲ့ ရတဲ့ နှစ်လုံး သား တစ် ကြိမ် တစ် ခါ သာ ရှင် သန် ခဲ့ ဖူး တဲ့ လွှမ်း ရဲ့ အချစ် သစ် ပင် လေးဟာ သူ နဲ့ မှ ရှင် သန် ပေါက် ဖွား လာ ခဲ့ ရ တာ ပါ ဖြစ် ပေါ် လာ သမျှ ကဲ့ရဲ့ ခြင်း ရှုံ့ ချ ခြင်း တွေ ကို တော့ လွှမ်း တစ် ယောက် ထဲ ပဲ ခါးစည်းခံ နိုင် ပါ တယ် ချစ် ရသူ အနား မှာ တစ် နာရီ ပဲ နေရ နေ ရ စိတ် အေး ချမ်း သာ စွာ နေ ရ ခြင်း သည် သာ လျှင် စိတ် ရဲ့ အေး ချမ်း ရာ အစ် အမှန်ပါ"
ခံစား နေ ရ သမျှကို စကား လုံး တွေ အများ ကြီး နဲ့ ရင် ဖွင့် လိုက် ရ တဲ့ အတွက် လွှမ်း စိတ် ထဲ မှာ ပေါ့ ပါး သွား တာ တော့ အမှန် ရယ် ပါ။ကိုယ် ပြော ချင် သမျှ ပြော ပြီး သွား တဲ့ အချိန်မှာ တော့ သူ ပြော မယ့် စကား များ ကို နား ထောင် ပေး ရ ပါ လိမ့် ဦး မည်။
သူ ကတော့ လွှမ်း ပြော သမျှကို မျက် တောင် မခတ်နား စိုက် ထောင် နေ ပြီး ပြော လာ သော စကား ဟာ
YOU ARE READING
လေးဆယ်ကျော်အချစ်
Romanceအသက်လေး ဆယ် ကျော် အရွယ် အမျိုး သမီး နှစ် ဉီးရဲ့ ရင် ၌ ပေါက်ဖွား လာ သော ချစ်ခြင်း မေတ္တာအား ရိုးရိုး လေးသာ ပုံ ဖော် ထား သည်။