အပိုင်း(၆)
လွှမ်း တို့ ၏ အထုပ် များ ကို ကူ ချ ပေး နေ သော ကျောင်းသား အား မနက်ဖြန် ဆရာ တော် ဘုရား အား နေ့ဆွမ်း ကပ် လှူ ရင်း နှင့် စေတီ ပြင် ဖို့ အတွက် တာဝန် ရှိ သူ များ ကို ပါ အကြောင်း ကြား ပေး ရန် မှာ ကြား နေသံ ကို လွှမ်း ကြား လိုက် လေ သည်။ ကား ဖြင့် လာ သဖြင့် သိပ် မပင် ပန်း သော် လည်း လန်းသွား အောင် တော့ ရေချိုး ချင် လှသည်။
ထိုအချိန်တွင် ဈေး ဆိုင် လေး အတွင်း မှ ထွက် လာ သော အမျိုး သမီး လေး က စတင် မိတ်ဆက် သဖြင့်
"ဖွား တို့ ကျွန်မ နာမည်က ပြည့်စုံသူပါ "
ကြီးမေက အပြုံး လေး ဖြင့်
"သိပါ တယ် သမီး ပြည့်စုံ သူ ရေ ဦးကျော်သူ နဲ့ ဒေါ်ပြည့်စုံ တို့ ရဲ့ သမီး လေး မ လား ကြီးမေ သိ တာ ပေါ့ သည် အိမ်သည် ခြံဝန်း လေး ဟာ အရင် က ကြီး မေ ရဲ့ အိမ် လေးပဲလေ ။သမီး မမွေး ခင် သုံး လ အ လို က တည်း က ဒီ ရွာ ကို စွန့် ခွာ ခဲ့ ရ တာ လေ တွေးမိ တော့ လည်း လွမ်းဆွတ် စရာ တွေ ပဲ လေ သမီး ဖေဖေ နဲ့ မေမေ က ကြီး မေ ရဲ့ ငယ် သူ ငယ် ချင်း တွေ ပဲလေ သွား လေ သူ သမီး ဖေဖေ နဲ့ မေမေ က ဒီ အိမ်လေးကို အရင် လို ပဲ ထိန်းသိမ်း ထား တာ အခု သမီး လက်ထပ် ထိ ဒီ တိုင်းလေးဆို တော့ ဝမ်းသာ ဝမ်းနည်း ပေါ့ သမီးရယ်"
ကြီးမေ ရဲ့ မျက် နှာ လေး ဟာ ကြည်းနူး မှု့ တွေ အပြည့် နဲ့ ဝမ်း နည်း နေ တဲ့ မျက် နှာ လေး နဲ့ ရယ်ပါ လေ။ဘေးမှ ကြား ရ သော လွှမ်း တို့ သည် လည်း ကြီး မေ ဘာ့ ကြောင့် ရွာကို စွန့် ခွာ ခဲ့ ပြီး မြို့မှာ အခြေ တကျ နေ ထိုင် ခဲ့ သည် ဆို တာ ကတော့ မမေး ကြည့် နေ တော့ ပါ။အကြောင်း တော့ ရှိ ခဲ့ ပါ လိမ့်မယ် ပေါ့ လေ။
"ဪ သမီးရေ ကြီး မေ မိတ်ဆက် ပေးရဦးမယ်"
"ဒါက အခု ကြီး မေ ကို စောင့် ရှောက် နေ တဲ့ လွှမ်းမာယာ ခင် တဲ့ ဒါက တော့ကြီး မေ တို့ ရဲ့ဆည်းလည်းလေး ယဉ်ယဉ်တဲ့"
အသိအမှတ်ပြု သွား တဲ့ အပြုံး လေး ဟာ မြင် ရ သူ အဖို့ ရင် အေးစေ တာ အမှန်ပါ။လှတယ် သိပ် လှတာ ပဲ "သူ"ရယ်။လွှမ်း ရဲ့ စိတ် ထဲ မှာ တီးတိုး လေး နာ မည် လေး ပေး နေ မိ တယ် "သူ"တဲ့ ပေါ့ လေ။
YOU ARE READING
လေးဆယ်ကျော်အချစ်
Romantizmအသက်လေး ဆယ် ကျော် အရွယ် အမျိုး သမီး နှစ် ဉီးရဲ့ ရင် ၌ ပေါက်ဖွား လာ သော ချစ်ခြင်း မေတ္တာအား ရိုးရိုး လေးသာ ပုံ ဖော် ထား သည်။