အပိုင်း(၁၉)

2.7K 189 4
                                    

အပိုင်း (၁၉)

ကြီးမေဆီ က ခွင့် ပြု ချက် ရ ပြီး နောက် ပျော် လို့ မှ မဆုံး သေး သူ့ အတွက် စိတ် ပူ မိ ရပြန်သည်။ သူ့ ရွာ က လူ တွေ က ရော လွှမ်း တို့ နှစ်ယောက် ကို နား လည် ပေး နိုင် ကြ ပါ့ မ လား ။ ပူပန် မှု့ တစ်ဝက် ရှိ သော် လည်း သူ့အား ကြီး မေ က လက် ခံ သည့် ဆို သော အကြောင်း ကို တော့ ပြော ရ ပေ ဉီး တော့ မည်။ အမြန် နီး ချင် လှ ပြီ သူ ရေ ။ထို့ နောက် သူ့ရဲ့ ဖုန်း အား ခေါ် လိုက် သော အခါ လာ ကိုင်သည် မှာ က ပုတု ဖြစ် နေ လေ သည်။ပုတု က သူ့ အား ဖုန်း ပေး လိုက် သော အခါ တွင် မှ ချစ် ရ သူ ရဲ့ အသံ ကို ကြား ရ လေ သည်။
"ဟဲလို ခင် လွမ်းနေတာ "
ကြား လိုက် ရ သော စကား သံ လေး အဆုံး မှာ လွှမ်း နှလုံး သား တွေ အရည် ပျော် သွား မယ် ဆို တာ သူ မသိ ရိုး လား ကွယ်။ လွှမ်း ရဲ့ ရင်ခုန်သံ တဒိတ်ဒိတ် ဟာ နှလုံး သွေး တိုး လို့ လား သူ့ အသံ ကြောင့် လား ဆို တာ တော့ ဝေ ခွဲ ရ ခက် နေ မိ လေ သည်။
"အင်း ပါ သူ ရယ် ခင် လည်း လွမ်း တာ ပေါ့ ဒါပေမယ့် ပျော် ရမယ့် အကြောင်း လည်း ရှိသေး တယ် နော် "
"အင်း ပြောပါဦး ဘာ အကြောင်း ပါ လိမ့် "
"အင်း ကြီးမေ က လေ ခင် တို့ အချစ်ကို မကန့်ကွက်ပါ ဘူး တဲ့ ''
"ဟုတ်လား ခင် ဝမ်းသာ ရ တာ ပေါ့ ခင် ရယ်"
"အင်း သူ ခင် စိုးရိမ် နေ တာ တစ် ခု ရှိတယ် သူ့ ရဲ့ ရပ်ရွာ က ရော လက် သင့် ခံ ပါ့ မ လား "
"အင်း လက် သင့် ခံ ပါတယ် မစိုး ရိမ် နဲ့ နော် "

ထိုကဲ့ သို့ ရပ်ရွာက လက် သင့် ခံ သည် ဆိုပါ က သူ့အား လာ တောင်း မည့် အကြောင်း နှင့် သူ့ ရွာ အား လာ ပြီး ပွဲ စီစဉ် ရန် ရက်သက်မှတ် မည့် အကြောင်း များ ပြော ကာ ဖုန်း ချ လိုက် လေ သည်။

ခင့် ဆီ မှ ကြီး မေ က သဘော တူ လက် ခံ သည် ဆို သော စကား ကြား ရ သော အခါ ကျွန်မ ရင် ထဲ မှာ တော့ ဝမ်းသာ မိ တာ အမှန်ပင်။ ချစ် ရ သူ နား ဖဝါး ထပ်ကြပ် မကွာ နေရ တော့ မည့် အရေး ကို တွေး ရင်း တသိမ့် သိမ့် ကြည်နူး မိ လေ သည်။ ခင် ရေ သူ တို့ အချစ်ခရီး လမ်း လေး ကို အဆုံးစွန် ထိ ဖြောင့် ဖြူး သာ ယာ ချင် မိ ‌‌တာ တော့ အမှန်ပင်။ ခင့် ရဲ့ အနား မှာ သေတပန် သက် ဆုံး တာဝန်ကျေပွန် သော ဇနီး ကောင်း တစ်ယောက် အဖြစ် နေ သွား ပါ့ မယ် လို့ ကတိပြုရင်း................။

လေးဆယ်ကျော်အချစ်Where stories live. Discover now