အပိုင်း(၁၇)

2.8K 200 2
                                    

အပိုင်း(၁၇)

သူ အိမ် ပြန် သွား ပြီး နောက် လွှမ်း ရဲ့ အ လုပ် တွေ ကို ပုံ မှန် တိုင်း ပဲ လုပ် ဆောင် နေ ခဲ့ ရ လေ သည်။ လွမ်း နေတဲ့ စိတ် က လေး ပေါ် နေရ တာ က လွဲရင် ကျန်တာ အား လုံး က ပုံ မှန် ပင် ။ အလုပ် ထဲ လည်း စိတ်မပါ တဲ့ ရက်တွေ က ဆိုရင်နုငယ် က ဘေး နား ကနေ သတိ အမြဲ ပေး နေလို့ သာ တော် သေး သည်။

ထို့ အပြင် ကြီးမေ အား ပြန် သွား ခေါ် ရင်း သူ့ အား လိုက် ပို့ ရ သောအခါ တုန်းက လေ လွှမ်းရဲ့ ချစ်ရ သူ က လမ်း တလျှောက် လုံး မှာ ခေတ်ပျို ဟန် နဲ့ ဝေးဝေး နေ ဖို့ သူမ က မကြာမကြာ ဖုန်း ဆက် မည့် အကြောင်း ပါ တီ ပွဲ များ လည်း မသွား ရန် အထပ် ထပ် မှာ ကြား နေ လိုက် တာ များ လေ တော် ပါ တော့ သူ ရယ် ခင် လိုက် နာ ပါ့ မယ် ဟု ကို ပင် ပြော ယူ ရ သေး သည်။ ထို သို့ ပြော သော အခါ တွင် လည်း ငြိုငြင် သည် ဟု ဆို ကာ စိတ်တော် က ကောက် တော် မူ နေ ပါ သေး သည် လေ။
သူ့ရဲ့ အကြောင်း များ တွေး နေစဉ် တံခါး ခေါက် သံ နှင့် အတူ ဝင် လာ သည် က နု ငယ် ပါ။နုငယ် က လွှမ်း အား
"အစ်မလွှမ်း ဦး သိန်းဌေး အကြောင်း ကြား ပြီး ပြီ လား "
"အေး နု ငယ် ကြား သင့် သလောက် တော့ ကြား တယ် နုငယ် သတိ ထား ဖို့တော့ လို မယ် နုငယ် တို့ မောင်နှမ လည်း ဂရုစိုက် ပါ "
"ဟုတ် အစ် မ နုငယ် က အစ်မ ကို စိတ် ပူ တာ ပါ မျက်ခြေမပြတ် ဖို့ နဲ့ သတိ တော့ ထား အစ်မရေ"
"အေး ပါ နု ငယ် နု ငယ် လည်း ရုံး ဆင်း တော့ လေ အစ်မ လည်း ခဏ နေ ပြန်မယ် "
"ဟုတ် အစ် မ မနက် ဖြန် မှ တွေ့ မယ် လေ"
"See You "
နုငယ် ပြန် သွား သော အချိန် တွင် ပြန် မယ် လို့ ပြင် နေစဉ် ချစ် ရ သူ လေး ဆီ မှ ဖုန်း ဝင် လာ လေ သည်။
"ဟဲလို သူ "
"အင်း ခင် ပြန်ရောက် ပြီ လား ရုံး ခန်းထဲ မှာပဲ လား "
"ပြန်တော့ မ လို့ ပါ သူ ရယ် နုငယ် စကား လာ ပြော နေ လို့ "
"အင်း ပါ ဟုတ်ပါ ပြီ အာ့ လို ဆို လည်း ပြန်တော့ လေ ဂရုစိုက် ပြန် နော် "
"အင်း သူ ခဏ ကြီး မေ ကို ဖွင့် ပြော ပြီး သူ့ ကို လာ တောင်း လိုက် တော့ မယ် "
"ခင် ရယ် နေ ပါ ဦး အချိန် တွေရှိ ပါ သေး တယ်"
"ဟော ဒေါ် ပြည့် စုံ သူ ခင် တို့ အသက် တွေ က မငယ် တော့ ဘူး နော် ပြီး တော့ ဒီ လို ကြီး ခွဲ နေ ရ တာ မျိုး ကို မကြိုက် ဘူး နော်"
"အင်းပါခင် ရယ် ခင်လာ တောင်း မယ် ဆို လည်း သဘောပါ နော်  ကြီး မေ ကို တော့ နား လည် အောင် သေ ချာ လေး တော့ ပြော ပေး ပေါ့ နော် ခင်"
"ဟုတ် ပါ ပြီ ဒါ ပဲ လေ သူ ခင် လည်း ပြန် ဦးမယ် "
သူ့ ဆီက သဘော တူ ညီ ချက် ရပြီး သော အခါတွင် မှာ တော့ အိမ် ပြန် ပြီး ကြီး မေ အား ခွင့် တောင်း ရန် စိတ် စော နေမိ တော့ လေ သည်။

လေးဆယ်ကျော်အချစ်Where stories live. Discover now