အပိုင်း(၂၂)

2.9K 211 2
                                    

အပိုင်း (၂၂)

"ခင် ရေ ခင် ရေ ခင် လို့ ဆို "
ကျွန်မရဲ့ ခေါ်သံအား တုန့်ပြန် သံ မကြား ရ သဖြင့်  အနား ကပ် ကာ သွား ကြည့် တော့ ဖုန်းထဲဈာန် ဝင် နေသော ခင် ရယ် ပါ။ ထို့ ကြောင့် ကျွန်မ လည်း ခင့် လက်မောင်း လေး အား အသာ အယာ ဆွဲ လိမ်လိုက် သော အခါမှ

"အင်း မိန်းမ "
ဖုန်းကနေ မျက်လုံး ကမခွာ သေး ပဲ ထူ း လာ သော ကြောင့် ဒီတစ်ခါတော့ လက် မောင်း ကို ခပ်ဆပ်ဆပ် လေး ရိုက် လိုက် မိ သည်။ ထို အခါမှ ခင်က
"အ  နာ လိုက် တာ သူ ရယ် လူမမာ ကို နော်"
"အင်း လူမမာ က ဖုန်း သုံး နေတာကိုး"
ပွစိပွစိ နဲ့ ပြော နေသော ချစ် ရ သူ လေး အား အသည်းယား စွာ ဖြင့် လက် ဖမိုး လေး အား နမ်းမိတော့ အရှက်သည်းစွာ ‌ဖြင့်
"အို တော်တော် သဲ ဘယ် လို ဖြစ်နေလဲ ဆေးရုံထဲမှာ နော်"
"ဘာ ဖြစ် လဲ မိန်းမရဲ့ "
"ဟော လာ ပြန် ပြီ မိန်းမ ဆိုတဲ့ စကား"
"ဘာဖြစ် လဲ အမှန်ဆို မနေ့ က တောင်း ရမ်း ပြီးရင် ဒီနေ့ က တရားဝင် ဖြစ် ပြီ ပဲကို "
"တော်ပါ စကား အကောင်း ပြော မ လို့ ဟာ ရှေ့ကို မရောက် ဘူး "
"ဟုတ်ကဲ့ ပြောပါရ‌ှင့်"
"ဆေးရုံ အုပ်ကြီး က ပြော တယ် ခင့် ရဲ့ နှလုံးခုန်အား က နည်း လို့ သဘော မကျ ဘူး တဲ့ အဲ့ဒါ ဒီနေ့ round လှည့် လို့ စမ်းသပ် ကြည့် လို့ ပုံ မှန် မဟုတ်သေး ဘူး ဆို နှလုံး အထူး ကု နဲ့ ပြရ မယ် တဲ့ အဲ့ဒါ ခင့် ကို ပြော ထား တာ"
"အင်း "
"ဘယ်လို အင်း ကြီး လဲ "
"ပြန်ချင် ပြီ သူ ရယ် လူမမာ ကြီး လို မနေ ချင် ဘူး အခု လည်း ဘာ မှဖြစ်နေတာ မှ မ ဟုတ်တာ"
ကလေးဆိုး ကြီး လို ပါ လား ခင် ရယ်
"ဟော ဒါ က ဘယ် လို ခေါင်း မာ မှု့ လဲ "

ကျွန်မနဲ့ခင်  အခြေ အတင် စကား များ နေသော အခိုက် ဝယ် ဆရာ ဝန် ကြီး round လှည့် လာ လေ သည်။ လိုအပ် သော စစ်ဆေး မှု့များ ပြု လုပ် ပြီး သော အခါ မှာ တော့ ခင်မှ
"ဒေါက်တာ ကျွန်မ ဆေးရုံ က ဆင်း လို့ ရ ပြီ လား "
"အခု တော့ ဒေါ် လွှမ်း မာယာခင် ရဲ့ နှလုံး ခုန် သံ က ပ‌ံု မှန်ပါ ပဲ နောက် တစ် လ လောက် နေရင် medical check up လုပ် စေ ချင် ပါ တယ် "
"ဟုတ်ကဲ့ ဒေါက်တာ ဒေါက် တာ ချိန်းတဲ့ နေ့ မှာ ပြန် လာ ခဲ့ ပါ့ မယ် "
"ကောင်းပါ ပြီ ခွင့် ပြုပါ ဦး "
"ဟုတ်ကဲ့ ဒေါက်တာ"

လေးဆယ်ကျော်အချစ်Where stories live. Discover now