28. ယုတ်မာသောအပြုံး

258 38 0
                                    


အခန်း ၂၈- ယုတ်မာသောအပြုံး

"အဲဒီဝံပုလွေတွေ ဝိုင်း‌ေနကြသေးလား။ သူတို့... သူတို့ ငါတို့နောက်ကို လိုက်မှာလား။"
သူ ရုတ်တရက် အတော်လေး တုန်လှုပ်သွားသည်။ သူတို့အလှမ်းဝေး‌ေအာင် လမ်းလျှောက်လာရင်း သူတို့နောက်မှာ ဝံပုလွေ ဆယ်ကောင်ထက်မနည်းရှိနေတာကို သူ သတိမထားမိလိုက်ဘူး။

သူ စိတ်ကူးမယဉ်ရဲတော့ဘူး။ သူတို့ လုံးဝ သတိမထားမိဘဲ ဝံပုလွေတွေက သူတို့ကို ဖမ်းမိသွားခဲ့ရင် ဘယ်လို ရလဒ်မျိုး ဖြစ်လာမလဲ...။

"မပူပါနဲ့။ သူတို့က ငါတို့ကို ချက်ချင်းတိုက်ခိုက်မှာ မဟုတ်ဘူး။ သူတို့က အခွင့်အရေးကို စောင့်နေကြတာ။" ဖုန်ကျွီ ဝံပုလွေများကို ခေတ္တမျှ ငုံ့ကြည့်ကာ နောက်ပြန်လှည့်ပြီး ဆက်လျှောက်သွားခဲ့သည်။

ထိုဝံပုလွေအချို့ကို ရက်ရက်စက်စက် သနားညှာမှု့ကင်းမဲ့စွာ သတ်ပြီးတဲ့နောက် ၎င်းတို့သည် ကျန်တစ်အုပ်အတွက် အဟန့်အတားတစ်ခုအဖြစ် အောင်မြင်စွာ လုပ်ဆောင်နေပြီဖြစ်ပြီး ၎င်းတို့အား ရူးရူးမိုက်မိုက် တိုက်ခိုက်ဝံ့မည်မဟုတ်ကြောင်း သူမသိသည်။ သူတို့လုပ်လိုက်တဲ့ မှားယွင်းတဲ့ လှုပ်ရှားမှုတိုင်းက သူတို့အတွက် သေချာပေါက် သေခြင်းတရားဆီကိုပို့မယ်ဆိုတာဝံပုလွေတွေက ကောင်းကောင်းသိတယ်။

ဒါပေမယ့် ဝံပုလွေတွေက ထွက်သွားဖို့ ဆန္ဒမရှိတာကြောင့် သူတို့နှစ်ယောက်ကို ဝေးဝေးက အမြီးဆွဲကာ အခွင့်အလမ်းကို စောင့်မျှော်နေခဲ့တယ်။

"သူတို့ကို ငါတို့နောက်က လိုက်ခွင့်ပြုမှာလား။" သူတောင်းစားကလေးက နည်းနည်းလေးမှ စိုးရိမ်ပုံမပေါ်ဘဲ ထူးဆန်းတာကို တွေ့လိုက်ရလို့ လန့်သွားပြီး မေးလိုက်တယ်။

[သူတောင်းစားကလေးက သူ့ထက်အများကြီးငယ်တယ်။ ဒီလိုမျိုး သတ္တိတွေနဲ့ အံ့ြသစရာကောင်းတဲ့ အရည်အချင်းတွေကို ဘယ်လိုပိုင်ဆိုင်လာတာလဲ။]

ဖုန်ကျွီ သူမ၏ခြေ‌ေထာက်ကို ရပ်လိုက်ပြီး ထိုလူကို တည့်တည့်ကြည့်လိုက်သည်။
"ဒါမှမဟုတ် မင်းသူတို့‌ေနာက်ကို လိုက်သွားချင်လို့လား"

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now