အခန်း ၂၇- လျှို့ဝှက်ထားသော အန္တရာယ်ထိုလူသည် သူ့အပေါ်၌ မှီနေသော သူတောင်းစားလေးရဲ့မျက်နှာ စိမ်းစိမ်းကို စိုက်ကြည့်နေပြီး သူတောင်းစားလေး၏ အသံကို ကြားသည့်တိုင်အောင် သတိပြန်မရနိုင်သေးပေ။
"မင်း လဲကျတဲ့အခါ မင်းခေါင်းက ကျောက်တုံးပေါ် ရိုက်မိသွားတယ်။ သွေးခဲက မင်းရဲ့အာရုံကြောတွေကို ဖိထားတာဖြစ်ပြီး သတိမေ့တာက ယာယီသာဖြစ်ပြီး သွေးခဲ ရှင်းသွားတာနဲ့ မင်းအဆင်ပြေမယ်လို့ ငါထင်ပါတယ်။"
သူမလက်ကိုဖယ်ပြီး မတ်တပ်ထရပ်ကာ "ကောင်းပြီ၊ မင်းနိုးနေပြီ၊ ငါသွားတော့မယ်"ထိုစကားကိုကြားသောအခါ ထိုအမျိုးသားသည် ထိတ်လန့်သွားပြီး မတ်တပ်ထရပ်ကာ ဝမ်းဗိုက်အတွင်းမှ နာကျင်မှုကို သည်းခံခဲ့သည်။ စိတ်မသက်မသာ ခံစားချက်တွေ ပြည့်နှက်နေပြီး ရုတ်တရက် စိတ်ရှုပ်သွားသလို ခံစားလိုက်ရပြီး ဖုန်ကျွီ အနားကို ကပ်သွားလိုက်တယ်။ သူ တစ်ခုခုပြောတော့မယ်လို့ထင်ရသော်လည်း ဘယ်လိုပြောရမည်ကို မသိတော့ဘဲ ဖုန်ကျွီ ကို နှု နှုတ်ဆိတ်ကာ ကြည့်နေသည်။
ထိုလူ မတ်တပ်ရပ်ပြီးနောက် ဖုန်ကျွီ ရုတ်တရက် ထိတ်လန့်သွားသည်။ ထိုအချိန်တွင် ထိုလူမည်မျှ အရပ်ရှည်သည်ကို မြင်လိုက်ရသည်။ သူ့ထက် ဦးခေါင်းထက်ဝက် အရပ်ပိုမြင့်သည်။ သူ့အသားအရည်သည် ညိုနေပြီး ကြေးဝါရောင် ကြွက်သားများဖြင့် တည်ဆောက်ထားကာ ဦးလေးထက် အနည်းငယ်ပို၍ တောင့်တင်းပုံရသည်။ ထိုအချိန်တွင် သူ့ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့်အဝတ်အစားသည် အနည်းငယ်တင်းကျပ်ပြီး ဆန့်ထွက်ကောင်းမွန်ကာ သူ့လက်မောင်းပေါ်ရှိ ကြွက်သားများသည် အ၀တ်အစားများကို ကွဲထွက်သွားေစသလိုမျိုး ဖြစ်နေသည်။
သူမ မျက်လုံးများကို လှည့်၍ သူ့နောက်မှ လိုက်လာသော အမျိုးသားကို ကြည့်ကာ "ဘာလုပ်နေတာလဲ" ဟု မေးလိုက်သည်။ သူမထိုလူကို မစဉ်းစားဘဲ ကယ်တင်လိုက်ရုံသာဖြစ်ပြီး ၎င်းက သူမကိုတွယ်ကပ် ဒုက္ခရောက်စေမည်ကို သူမ မသိခဲ့ပေ။
"မရဘူး....ငါမင်းနောက်လိုက်လို့မရဘူးလား" ထိုလူက သူမကိုကြည့်ကာ သူ့မျက်လုံးများက စိတ်မသက်မသာမှု့နှင့် ပြည့်နေသည်။
"ငါဘာမှမမှတ်မိဘူး၊ ငါမင်းကိုပဲသိတယ်။"
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်
Diversos #အရင်ပြန်ထားတဲ့သူရှိရင်လဲ ပြန်ဖြတ်ပေးပါမယ်။ အရမ်းကြိုက်လို့ ဖတ်ရင်းနဲ့ပြန်ထားတာပါ။ သရဲတစ္ဆေဆရာဝန် သူမသည် လျှို့ဝှက်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်ပြီး အဆိပ်နှင့်လုပ်ကြံသတ်ဖြတ်ခြင်းကို အထူးပြုသည်။အခြားသူများ၏အမြင်တွင် ဉာဏ်ကြီးရှင်ဖြစ်ပြီး ထူးဆန်းသောသူတစ်...