အခန်း 56- အပြုံးဖြင့် ပြန်ကြည့်ခြင်း
မုရုန်ရီရွှန်းကို မြင်သောအခါ ဖုန်ကျွီ အနည်းငယ် အံ့ြသသွားသည်။ သူ့ကိုဒီမှာတွေ့လိုက်ရတော့ အတော်လေးအံ့ြသမိတယ်။
တကယ်တော့ စောစောက သူတို့နောက်မှာ တစ်စုံတစ်ယောက် လိုက်လာနေတာကို သူမ သတိထားမိခဲ့တယ်။ သို့သော် ထိုလူထံမှ ယုတ်မာသော ရည်ရွယ်ချက် ရှိတယ်လို့ မခံစားရတာကြောင့် သူမလည်း ၎င်းကို အနှောက်အယှက် မပြုခဲ့ပေ။ အခုပြန်တွေးကြည့်တော့ အမြီးှလိုလိုက်ေနတဲ့လူက သူပဲဖြစ်ရမယ်။
ဒါပေမယ့် သူက ဖုန်ချင်းရွှဲ့နှင့်အတူရှိေနရမှာမဟုတ်လား။ သူကဘာလို့ဒီမှာပေါ်လာတာလဲ။
သူ့မျက်လုံးထဲက စူစမ်းတဲ့အကြည့်က ဘာကို ဆိုလိုတာလဲ။
မျက်နှာဖုံးအောက်မှာ သ ေရာ်တဲ့သဘော အပြုံးတစ်ခု သူ့နှုတ်ခမ်းပေါ် ရောက်လာတယ်။ သူမ လှည့်ထွက်သွားတာနှင့် မျက်လုံးများက ဘာမှမထူးခြားဘဲ ထွက်သွားသည့်လမ်းကို ဆက်လျှောက်သွားခဲ့သည်။ သို့သော် ထိုင်နေသောလူသည် သူမရှေ့တွင် ရုတ်တရက်ရပ်နေချိန်တွင် သူမခြေလှမ်းအနည်းငယ်သာလှမ်းခဲ့သည်။
သူမဘာမှပြန်မပြောဘဲ သူ့ကိုမော့ကြည့်ရုံသာ။
Murong Yi Xuan လည်း စကားတစ်ခွန်းမှ မပြောပေ။ သူသည် Feng Jiu ရှေ့မှာ ရပ်နေပြီး သူမ၏မျက်လုံးများကို တိတ်တဆိတ်ကြည့်ကာ ထိုမျက်လုံးများအတွင်းမှ ရင်းနှီးမှုအနည်းငယ်ကို ဖော်ထုတ်ရန် ကြိုးစားနေပုံရသော်လည်း သူ စိတ်ပျက်သွားသည်။
ထိုမျက်လုံးတစ်စုံသည် သူမနှင့် တစ်ထပ်တည်းနီးပါးတူနေသော်လည်း ရိုင်းစိုင်းပြီး မောက်မာသောအကြည့်က ထိုမျက်လုံးများကို သူမ မပိုင်ခဲ့ပေ။
သူ့ရှေ့က မျက်လုံးတွေက တကယ်ကို လှပပြီး သူ့အမှတ်တရ ေတွထဲက တစ်စုံတစ်ယောက်လိုပါပဲ။ ဒါပေမယ့် သူမှတ်မိတဲ့ ဖုန်ချင်းရွှဲ့ ရဲ့ မျက်လုံးတွေက နွေးထွေးပြီး နူးညံ့တယ်၊၊ သူ့ရှေ့က မိန်းကလေးက စူးစူးရှရှနဲ့ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ အကြည့်တွေကို ဖုံးကွယ်ထားရင်းနဲ့ လုံးဝကွဲပြားတဲ့ ခံစားချက်နှစ်ခုက သူ့ကို နည်းနည်းတော့ ရှုပ်ေထွးသွားစေပြီး သူတို့ကြားမှာ ဘယ်လို ခွဲခြားရမလဲဆိုတာ သူမသိဘူး။ .
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်
De Todo #အရင်ပြန်ထားတဲ့သူရှိရင်လဲ ပြန်ဖြတ်ပေးပါမယ်။ အရမ်းကြိုက်လို့ ဖတ်ရင်းနဲ့ပြန်ထားတာပါ။ သရဲတစ္ဆေဆရာဝန် သူမသည် လျှို့ဝှက်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်ပြီး အဆိပ်နှင့်လုပ်ကြံသတ်ဖြတ်ခြင်းကို အထူးပြုသည်။အခြားသူများ၏အမြင်တွင် ဉာဏ်ကြီးရှင်ဖြစ်ပြီး ထူးဆန်းသောသူတစ်...