38. မြေတွင်းထဲသို့နက်ရိှုင်းစွာ

237 39 0
                                    


အခန်း ၃၈- မြေတွင်းထဲသို့ နက်ရိှုင်းစွာ

သူမလက်နဲ့ ခေါက်ကြည့်လိုက်‌ေတာ့နူးညံ့တဲ့ခေါက်သံမှလွဲ၍ အခြားအသံမရှိပေ။

သူမ ဒီကြက်ဥကို ဖုံးကွယ်ထားလို့
မရတော့ဘူးလို့ ကိုယ့်ကိုယ်ကိုယ် တွေးနေကာ သူမနှင့် တစ်ယောက်ယောက် တွေ့လိုက်မိတာနဲ့ ဒီထူးဆန်းတဲ့ဥကိုသေချာပေါက် သိသွားကြလိမ့်မယ်။ လေထဲမှာ ပျံနေတဲ့ကောင်တွေကလည်း ဒီကြက်ဥကို ရှာနေတုန်းပဲ၊၊ မကြာခင်တောင် ထွက်ခွာဦးမယ့်ပုံမပေါ်ဘူး။ အကယ်၍ သူမ
ဂွမ်ရှီလင်းကို ပြန်သွားရှာရင်းဒီကြက်ဥကို ယူဆောင်သွားပါက သူမ ထိုနေရာကို လုံခြုံစွာရောက်ရှိနိုင်သည်ဖြစ်စေ မိသားစု အရေးမကြီး‌ေတာ့ပဲ ဂွမ်ရှီလင်းကသူမနှင့်အတူရှိနေပါက မရေတွက်နိုင်သော အန္တရာယ်‌ေတာထဲကို ဆွဲ‌ေခါ်မိသလိုဖြစ်သွားလိမ့်မည်။

"ဘာလုပ်မလဲ? ဒီဒုက္ခနဲ့။" စာချုပ်တစ်ခုချုပ်ဖို့နည်းလမ်းကို သတိရမိတော့ သူမ မျက်လုံးတွေ တောက်ပလာပြီး ကြက်ဥခွံပေါ်ကို သွေးတစ်စက်ချဖို့ သူ့လက်ချောင်းကို ချက်ချင်း ကိုက်လိုက်တယ်။

ဒါပေမယ့် ထိုသွေးတစ်စက်ကို ကြက်ဥခွံကအထဲကို မစုပ်ယူဘဲ ဘေးဘက်သို့ လှိမ့်စီးဆင်းသွားခဲ့သည်။

သူမ စိုက်ကြည့်ရင်း "သားရဲတွေ မမွေးခင် သွေးတစ်စက်နဲ့စာချုတ်ချုပ်လို့ရတယ်လို့ ပြောကြတာမဟုတ်ဘူးလား? ဒါ လှည့်စားတာလား။" သူမ လက်မလျှော့ဘဲ နောက်ထပ် သွေးနှစ်စက်ကို ညှစ်ထုတ်လိုက်သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။

နောက်ဆုံးတော့ သူမဒီအကြံကို စွန့်လွှတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။

"ဟင်? အဲဒီအသံကဘာလဲ?" သူမ နားစွံွ့ရင်း‌ေဘး ပတ်ပတ်လည်ကို ကြည့်လိုက်ရာ နစ
မြေကြီးအောက်မှ ဆူညံသံများ ထွက်လာသည်ကို သိလိုက်ရသည်။

သူမ ပတ်ဝန်းကျင်ရှိ မြေပြင်ကို ငုံ့ကြည့်လိုက်သောအခါ မြေကြီးအချို့ကို တူးထုတ်နေသည့် နေရာတစ်ခုကို သူမမြင်လိုက်ရသည်၊၊ ထိုနေရာသည် မြေအောက်ရှိ ငြီးငွေ့ဖွယ်အရာတစ်ခုလို ဖြစ်နေသည်။

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now