အခန်း 96: ဖုန်ကျီကိုသတ်ရန်အမိန့် !ဒါပေမယ့် သူတို့ အပြင်ထွက်လာပြီး ရှု့မိသားစုအကြီးအကဲ က အခြေအနေကို မြင်တော့ သူ မူးလဲလုနီးပါး ဖြစ်သွားတယ်။
ကြီးမားလှတဲ့ ရှု့စံအိမ်ကြီးသည်တွင် ၎င်း၏အစောင့့်များသည် သူ့မျက်စိရှေ့တွင် သူတို့အားလုံး အသက်ရှင်နေသေးသည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ မသိနိုင်ပဲ မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သည်။ စီနီယာနှစ်ယောက်နှင့် ရှု့အိမ်သား လေးယောက်နှင့်အဆင့်မြင့်စစ်သည်တော် အဆင့်အဖွဲ့ခေါင်းဆောင်များသာ သတိရှိနေဆဲဖြစ်သည်။
တံခါးဝရဲ့ နံရံမှာ အနီရောင် ၀တ်စုံ၀တ် တစ်ယောက်က မတ်တပ်ရပ်ပြီး အောက်ခြေက အရာအားလုံးကို ကြည့်နေတယ်။ အနီရောင် အ၀တ်အစားတွေက ညလေထဲမှာ လွင့်ပျံနေပြီး ဆွဲဆောင်မှုရှိတဲ့ သူ့ရဲ့ ရွှေရောင် မန်ဒရာပန်းပွင့် မျက်နှာဖုံး က ရောင်ပြန်ဟပ်နေတာကြောင့် ပိုဆန်းကြယ်ပါတယ်။ တဟုန်းဟုန်းတောက်လောင်နေသော မီးတောက်များမှ အလင်းတန်းေတွကြောင့် အလွန်ဆွဲဆောင်မှု့ရှိနေသလိုပါပဲ။
သို့သော် ရွှေမန်ဒါရာမျက်နှာဖုံးနှင့် အနီရောင်အဝတ်အစားကို မြင်သောအခါတွင် ရှု့မိသားစုေခါင်းဆောင်၏ မျက်နှာသည် ဖြူဖျော့သွားကာ “မင်း…..မင်းက သရဲတစ္ဆေဆရာဝန်ပဲ!”
YOU ARE READING
စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်
Sonstiges #အရင်ပြန်ထားတဲ့သူရှိရင်လဲ ပြန်ဖြတ်ပေးပါမယ်။ အရမ်းကြိုက်လို့ ဖတ်ရင်းနဲ့ပြန်ထားတာပါ။ သရဲတစ္ဆေဆရာဝန် သူမသည် လျှို့ဝှက်ဂိုဏ်း၏ခေါင်းဆောင်ဖြစ်ပြီး အဆိပ်နှင့်လုပ်ကြံသတ်ဖြတ်ခြင်းကို အထူးပြုသည်။အခြားသူများ၏အမြင်တွင် ဉာဏ်ကြီးရှင်ဖြစ်ပြီး ထူးဆန်းသောသူတစ်...