78: သရဲဆရာဝန်ရဲ့ ကျော်ကြားမှု

213 31 0
                                    


အခန်း 78: သရဲဆရာဝန်ရဲ့ ကျော်ကြားမှု

"ကျွန်တော်ပြန်လာပြီ။"

 ခြံဝင်းထဲတွင် ဖုန်းကျီ သည် ဂွမ်ရှီလင်း၏ ဦးတည်ရာသို့ လှည့်ကြည့်ရန် မျက်လုံးများကို မော့ကြည့်လိုက်သည်။ သူပြန်လာသည်ကို မြင်လိုက်ရသဖြင့် သူမ ပြုံးပြီး "ဘာဖြစ်နေတာလဲ၊ ဘယ်သူက ခြေဖျားထောက်လိုက်တာလဲ။"

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ခြံဝင်းထဲတွင် ဖုန်းကျီ သည် ဂွမ်ရှီလင်း၏ ဦးတည်ရာသို့ လှည့်ကြည့်ရန် မျက်လုံးများကို မော့ကြည့်လိုက်သည်။ သူပြန်လာသည်ကို မြင်လိုက်ရသဖြင့် သူမ ပြုံးပြီး "ဘာဖြစ်နေတာလဲ၊ ဘယ်သူက ခြေဖျားထောက်လိုက်တာလဲ။"

"ကျွန်တော်ခေမိသာစုနေထိုင်ရာကိုသွားခဲ့တယ်။" ဂွမ်ရှီလင်းစားပွဲဆီကိုလျှောက်လာပြီး ရေတစ်ခွက်ကို ခပ်မြန်မြန်‌ေလးလောင်းမထည့်ခင် ထိုင်လိုက်သည်။

"ခေမိသားစု?" သူ့ကိုကြည့်ရင်း သူမအကြည့်တွေက အံ့ြသသွားတယ်။

"ငါဂွမ်မိသားစုဆီကို မပြန်ဖြစ်သေးဘူး။
နောက်သုံးလလောက်ကြာတဲ့အထိ စောင့်မယ်။ ပြီးတော့ ဒီသုံးလအတွင်းမှာ တစ်ယောက်တည်း သီးသန့် ကျင့်ကြံသွားမှာပါ!"

အဲဒါကိုကြားတော့ ဖုန်ကျီက အံ့အားသင့်ပြီး မျက်လုံးတွေကိုမှိတ်ထားလိုက်တယ်။ နည်းနည်းလည်း လန့်သွားတယ်။ "ခရီးတိုလေးထွက်ပြီး မင်းဘာကြောင့် စိတ်လှုပ်ရှားနေတာလဲ"

ခေမိသားစု က ပြောသမျှ စကားတိုင်းကို ဂွမ်ရှီလင်း က သူမကို ပြောပြခဲ့တယ်။နောက်ဆုံးတော့ သူက "ဒါဆို ငါဆုံးဖြတ်ပြီးသွားပြီ။ အိမ်ထောင်ပြုချင်ရင် သူတို့ လိုချင်တာ အကုန်လက်ထပ်လို့ရတယ်။ နောက်သုံးလလောက်ကြာရင်တော့ ငါက ဂွမ်ရှီရွန်ကို မြေကြီးထဲ ကျိန်းသေပေါက်လှဲချပြီး အောင်နိုင်လိမ့်မယ်၊၊ ငါဆိုတဲ့
ဂွမ်ရှီလင်းဟာ အသေးအဖွဲမဟုတ်ဘူးဆိုတာကို သူတို့အားလုံးကို မြင်အောင်ပြမယ်!"

သူအားလုံး နောင်တရစေရမယ်။ ခေမိသားစုတင်မကပဲ ဂွမ်မိသားစုက သက်ကြီးရွယ်အိုတွေအကုန်လုံးက သူ့ကို ဂွမါရှီရွန် ထက် ယုတ်ညံ့တယ်လို့ ထင်ခဲ့ကြပေမယ့် သူအားလုံးကို သက်သေပြပြီး အားလုံးသဘောပေါက်စေမှာပါ၊ ဂွမ်ရှီရွန်က သူနဲ့ မယှဉ်နိုင်ဘူးဆိုတာကိုပေါ့!

စွဲမက်ဖွယ်ကောင်းသော သရဲဆရာ၀န်Where stories live. Discover now