ဆူး...... ep 8
မငိုနဲ့...park jimin....မငိုနဲ့
မောင်က ငါငိုတာမကြိုက်ဘူးလို့ ပြောထားတယ်မလား...မငိုနဲ့...
Aww.....ကိုယ့်ဘာသာကို ပြန်ပီး အားပေးနှစ်သိမ့်နေရတဲ့ဘ၀က မလွယ်ပါလားနော်....
မောင်နဲ့ပတ်သတ်လာရင် ပျော်ရွှင်ရတာထက် နာကျင်ရတာက ပိုများတယ်...မောင်ရယ်...
ဘယ်တစ်ဦးတစ်ယောက်ကမှ ကိုယ့်ကိုအမြဲတမ်းချစ်နေမှာမဟုတ်ဘူးဆိုတာ...ကျတော်သိပီးသားပါ...
သည်းသည်းလှုပ်အချစ်ခံရတယ်ဆိုတာမျိုးက ရုပ်ရှင်dramaထဲမှာပဲ ရှိတာမဟုတ်လား...
အားလုံးပီးဆုံးသွားတော့လဲ...
နောက်ဆုံးကိုယ့်ကမ္ဘာငယ်လေးဆီ.......
တိတ်ဆိတ်စွာပြန်နေရ....
တစ်ယောက်ထဲ ကြေကွဲ၀မ်းနဲရနဲ့......ဘယ်သူ့ကိုမှလဲအပြစ်မတင်ရက်ပါဘူး.....
တစ်ယောက်ယောက်က ကိုယ့်ကိူအမြဲချစ်နေမယ်ဆိုတဲ့ နိယာမကလဲ....မရှိနေဘူးမလား....ဘယ်လိုအခြေအနေမျိုးမှာပဲဖစ်ဖစ်.....
ကျတော်ဟာ ကျတော့်လခြမ်းလေးကို အပစ်မမြင်ရက်ခဲ့ဘူး.....မောင်ဟာ ကျတော်ပိုင်ဆိုင်နိုင်တဲ့ ရုပ်၀တ္ထုမဟုတ်မှန်း.....ကိုယ့်ကိုယ်ကို အကြိမ်ကြိမ် သတိတွေ ပေးခဲ့ဖူးတယ်.....
မောင်ဟာ ကျတော် တစ်ဘ၀လုံး ငေးသာငေးမောနေရပီး မပိုင်ဆိုင်ရမဲ့ လခြမ်းလေးဆိုတာ အလိုလိုလက်ခံမိလာတယ်........
ချစ်လားလို့မေးရင်.....
အများကြီးချစ်တာပေါ့.....အသက်ထက်ပိုချစ်တာ..
ကျတော်မျက်နှာမလွှဲနိုင်တဲ့ ကျတော့ရဲ့လခြမ်းလေး...မောင်...ဒီတိုင်းငေးမောနေရရုံနဲ့ အေးချမ်းတယ်.....
မောင့်ရဲ့...အလင်းရောင်နဲ့တူတဲ့အချစ်တွေက ကျတော့်အတွက်မလုံလောက်ပေမဲ့ ကျတော်ကြည်နူးရပါတယ်.......မနေ့ကထိ ဆက်ဆံရေးတွေက လုံး၀ကို အဆင်ပြေလို့....အရမ်းပျော်ရွှင်ရတယ်...မောင်နဲ့နီးစပ်လာပီပေါ့....
ဒါပေမဲ့ အခု သိလိုက်ပါပီ....
နောက်ဆို မောင်နဲ့ပတ်သက်လာရင် ထပ်ပီးမျှော်လင့်ချက်မထားတော့ဘူး....နာကျင်လာပီ....