Ep 13

1.1K 100 53
                                    

ဆူး.....Ep 13..

အားးးးးးးးး

ရုတ်တရက် ထအော်လာတဲ့သူမကြောင့် ကျတော်ကြည့်လိုက်တော့
သူမလက်ကနေ သွေးတွေထွက်လာတယ်။
လက်ကိုဓားရှသွားတယ်နဲ့ တူပါတယ်။

ဖြူဖြူသွယ်သွယ်လက်ချောင်းထိပ်ကလေးမှာ
သွေးတွေ ပိုထွက်လာတယ်။

ဒါကြောင့် ကျတော်လဲ မီးဖိုချောင်ထဲသွားကာ
လိုရမည်ရဆောင်ထားတဲ့ ဆေးဘူးလေးကိုသွားယူလိုက်ပီး Nora ကို ပေးမည်အလုပ် .  ......

' Nora!!!!!!'

မောင်က အလန့်တကြား ပျာတိပျာယာတွေ ဖစ်နေပီး ကောင်မလေးရဲ့လက်ကို ဆွဲယူပီးမောင့်ပါးစပ်ထဲ ထည့်ငုံလိုက်တယ်။

ကျတော်အရမ်းအံ့ဩသွားရတယ်။

'Koo....ဘာမှမဖစ်ဘူး.....ငါရ....'

'တိတ်တိတ်နေ.....အဲ့လိုမှမဟုတ်ရင်သွေးတိတ်မှာမဟုတ်ဘူး..'

'ဟာ...နင်ကလဲ..ရေသေချာဆေးပီးသွေးတိတ်အောင် လုပ်လို့ရတယ်လေ...ဖယ်တော့ဖယ်တော့ '

Noraတစ်ယောက် ကျတော့်ကိုအားနာသွားတယ်နဲ့တူတယ်။ ပြောရမယ်ဆိုရင် သူမက အရိပ်အကဲတော့သိသား.....
မောင့်ကိုပြောပီး ကျတော့်ဘက်လှည့်ကာ သူဘာမှမဖစ်ကြောင်း ခေါင်းညိမ့်ကာ ပြုံးပြလေသည်။

' ဟျ...Park Jimin.....မင်း လူလိုနားမလည်ဘူးလား........Noraက ဒီလိုမျိုးတစ်ခါမှ မလုပ်ဖူးဘူးကွ....
သူမအမေတောင်မခိုင်းရက်တာကို...
မင်းကွာ....'

'မဟုတ်ဘူး...မောင်....ဂျီရှင်းပြတာ နား.......'

'ဟက် ဘာမှရှင်းပြနေစရာ မလိုဘူး
မင်းအကြံတွေမှန်း ငါမသိဘူးထင်နေလား
လာမလှိမ့်နဲ့......Noraကို မင်းမနာလိုဖစ်နေတာမလား '

မနာလိုဖစ်နေတာတဲ့လားမောင်ရယ်
ပြောရက်လိုက်တာ
ဘာကိုမနာလိုရမှာလဲ။
ဘာလို့မနာလိုဖစ်ရမာလဲမောင်ရယ်...
Noraကိုလဲ မနာလိုမဖစ်ခဲ့ဖူးပါဘူး
အခုတော့ကြည့်ပါဦး
တခြားသူစိမ်းမိန်းကလေးတစ်ယောက်ရဲ့ရှေ့မှာ
ဂျီ့ကို မနာလိုဘူးလို့ မောင်ျပြာလိုက်တော့
ဂျီက ဘာကြီးဖစ်သွားပီလဲ..ဟမ်

ဂျီက အရှက်မရှိ မိန်းမတွေနဲ့ဖက်ပီး မနာလိုလိုက်ဖစ်နေသလို ဖစ်နေပီ။
ဒီလောက်ပဲအရှက်ခွဲပါတော့လား မောင်ရယ်။

ဆူး  CompletedTempat cerita menjadi hidup. Temukan sekarang