ဆူးးးးးး ep 19
ဘဝရဲ့ပထမဦးဆုံး ဟန်းနီးမွန်းဖစ်တာကြောင့် ကျဝောာ်အရမ်းစိတ်လှုပ်ရှားနေမိတယ်။
ဂျယ်ဂျူဒိုမှာရှိတဲ့အပန်းဖြေစခန်းကို ထွက်လာခဲ့တယ်။
လမ်းတစ်လျှောက်လုံး ကားပဲမောင်းလာပီး စကားတစ်ခွန်းမှမဟတဲ့ မောင်ကြောင့်
ကျတော်ကပဲ စပြောလိုက်တယ်။' မောင်...ဟိုလေ....'
'Omm....ပြောလေ ဂျီ......'
'မောင်ပြောတော့ Noraကို ချစ်တယ်ဆို.....'
'အင်း....ချစ်တယ်လေ...'
'ဟမ်.....အော်...'
*ဟက်.....မောင် တကယ်ပဲသူမကိုချစ်တယ်ပေါ့
ဒါဆိုဆေးရုံမှာ မောင်ပြောခဲ့တဲ့ ဂျီ့ကိုချစ်တယ်ဆိုတာ မောင့်ရဲ့လိမ်ဆင်တွေပဲလား.......''ဂျီ.....ဂျီ!!!!! မောင်ခေါ်နေတယ်လေ ဂျီ....'
အတွေးနယ်ထဲရောက်နေတာကြောင့် မောင်ခေါ်တာတောင်မကြားတော့ဘူး.....
'မောင်...မကောင်းဘူး.......'
' ပြောပါဦး....မောင် ဘာတေ မကောင်းဘူးလဲဆိုတာ....'
'ဟွန့်...'
'ဟဟဟ.....ဟီး....ဟီး.....'
'အယ်.....ဘာလို့ရီတာလဲ လို့.....'
'တွေ့လား ဒီမှာ လူကစိတ်ဆိုးနေပါတယ်ဆိုမှ ပြန်ချော့မယ်မကြံဘူး ရီနေတယ်။
ဟွန့် သွား.....မောင်အစုတ်ပလုတ်...''စိတ်ဆိုးနေတဲ့ပုံလေးက ဘဲပေါက်လေးနဲ့တူလို့...ဟီး......ဟီး.....'
ကျတော့်ကိုရယ်ပြရင်း ပြန်ဖြေလာတဲ့မောင့်ကြောင့် အတိတ်ကိုတောင် ပြန်သတိရမိသွားတယ်။
ဘဲပေါက်လေး......ဒီအခေါ်အဝေါ်လေးကိုသိပ်လွမ်းနေခဲ့တာ
ဒါလေးက မောင်ဂျီ့အတွက် သီးသန့်ပေးထားတဲ့နာမည်လေး.....မောင်နဲ့ဂျီရဲ့ ပထမဆုံးDateတုန်းက မောင်နောက်ကျလို့ ဂျီဒီလိုစိတ်ကောက်လို့ ဆိုပီး
'ကြက်ပေါက်လေးနဲ့ တူတယ်ဆိုပီး မောင်စခဲ့သေးတယ်လေ။
အဲ့တုန်းက ကိုယ့်ကိုယ်ကို မှန်ထဲမာ သေချာထပ်ခါတလဲလဲကြည့်ပီး စိတ်ကောက်တဲ့ပုံလေးလုပ်ခဲ့သေးတယ်။