ဆူး.........Ep 15.....
ကျတော်ရေချိုးနေတုန်း
ကျတော့်ခေါင်းထဲ အတွေးပေါင်းစုံဝင်လာတယ်။ဂျီ့ကို သူစိမ်းတစ်ယောက်နဲ့ တွဲမြင်နေရရင်ကို
ကျတော်မကြိုက်တာ။ဒါဟာ အချစ်ဆိုတာမယုံဘူး
မဟုတ်ဘူး....
ကျတော်သူ့ကိုမချစ်ဘူး....
ကျတော်ချစ်ဝာာ Nora...ဟုတ်တယ် Nora...ဂျီ့ကိုလဲ လက်မလွှတ်နိုင်ဘူး...
ဟုတ်တယ် ဂျီက မောင့်အပိုင်....
မောင့်လက်ထဲက ဘယ်သူမှလုယူလို့မရတဲ့ မောင့်ပိုင်ဆိုင်မှုတစ်ခု.....ဒီည ဂျီဟာ မောင့်အပိုင်ပဲ ဖစ်ရမယ်..Ha ha ..
ရေချိုးခန်းထဲကနေ ထွက်လာတော့
ကုတင်ပေါ်မှာ မလှုပ်မယှက်နဲ့ အိပ်ပျော်နေရှာတဲ့
ထိုလူသားငယ်.......အဝေးကနေ သူအိပ်နေတာလေးကအစ
ချစ်ဖို့ကောင်းနေလေတယ်။
ကျတော် မကြည့်ပဲမနေနိုင်။ကောင်လေးရှိရာကို တဖြည်းဖြည်းလျှောက်လာရင်း
ကုတင်ခြေရင်းရောက်တော့...သူ့ရဲ့ သေးသွယ်တဲ့ ခြေတံလေးတွေ...
သူ့ရဲ့ ကြည်လင်နေတဲ့ အသားအရေလေးတွေ
ပီးတော့....ပြာနှမ်းနေတဲ့ နှုတ်ခမ်းလေးတွေ ....'ဟမ်!!!!! ပြာနှမ်းနေတဲ့ နှုတ်ခမ်းလေးတွေ....!!!'
'ဂျီ!!!!! ဂျီ!!!!! ထပါဦး ဂျီ '
မည်သို့ပင် လှုပ်နှိုးသော်လည်း
ထိုကောင်လေးဆီက တုံ့ပြန်သံ မကြားရတော့ပေ။ဘာလို့လဲဆိုတော့
'ဟမ်....သွေးတွေ!!!! '.ကောင်လေးရဲ့ ရာဘာကြိုးနဲ့ ရစ်နှောင်ခံထားရတဲ့
လက်ကောက်ဝတ်မှာ သွေးတွေထွက်နေလေတယ်။
အိပ်ရာခင်းတစ်ခုလုံးလဲသွေးတွေရွှဲစိုနေလေတယ်။
ထို့ကြောင့် အမြန်ပင် အဝတ်အစားလဲကာ
ဆေးရုံသို့ အမြန်ပြေးခဲ့တယ်။'ဂျီ...ထပါဦး...မောင့်ကို ထပ်မခြောက်ပါနဲ့
ပြောတော့မောင့်ကို မထားသွားဘူးဆို...
မောင်ပြောနေတာကြားလား ဂျီ......
ဂျီသေလို့မဖစ်ဘူးနော်
ဂျီ.....ဂျီသေရင် မောင်ရူးသွားလိမ့်မယ် ဂျီ......'___-------______-----
တောင်းပန်ပါတယ် ဂျီ.....
ဂျီ့အပေါ်ထားတဲ့ မောင့်ရဲ့အတ္တတွေကြောင့် ဂျီခံစားနေရပီ။
![](https://img.wattpad.com/cover/302830162-288-k739803.jpg)