ဆူးးးးးး ep 22
At 7 am...
'တီတီတီတီ........တီတီတီတီ..............'
စားပွဲပေါ်က မြည်လာတဲ့ နာရီလေးကို ကြည့်ပီး
Vတစ်ယောက် အိမ်ပြန်ရန် သိမ်းဆည်းနေတယ်။ဒီအချိန်ဟာ သူများတွေအတွက် အလုပ်သွားဖို့ပြင်ဆင်ချိန် ဖြစ်ပေမဲ့လို့
ကောင်လေးအတွက်တော့ အလုပ်ဆင်းချိန်ပင်။
Barဖွင့်ထားတာမလို့ ညလုံးပေါက်ထိ အလုပ်လုပ်နေရတယ်။ သူများတွေလိုမျိုး ညဖက်အိမ်ပြန်မလာလို့ ဖုန်းဆက်ပီးစိတ်ပူပေးမဲ့ မိသားစုဝင်တွေ မရှိဘူး။ ညဖက်အိမ်ပြန်နောက်ကျလို့ တရေးတယူလုပ်ပီးစိတ်ပူပေးတဲ့ အမေလဲ မရှိဘူး။
မနက်မိုးလင်းမှ အိမ်ပြန်လာလို့ဆိုပီး ဆူပူကြိမမောင်းမဲ့အဖေလဲ မရှိဘူး။
ဟက်.....ကျတော်က မိဘမဲ့လေ ဘယ်ရှိပါ့မလဲ။အလုပ်ကနေ အိမ်ကို တည့်တည့်ပြန်ပီး
ကားပါကင်မှာ ကားကိုရပ်လိုက်ပီး ဓါတ်လှေကားနဲ့ တိုက်ခန်းရှိရာဆီ တက်လာခဲ့လိုက်တယ်။ကျတော့်အခန်းရှိရာဆီ လျှောက်လှမ်းလာတဲ့အချိန် အခန်းရှေ့မှာ ဒူးနှစ်ချောင်းထောင်ကာ
ခေါင်းငုံ့ချထားပီးငုတ်တုတ်ထိုင်နေတဲ့သူတစ်ယောက်။တခြားအခန်းမှာမဟုတ်ဘဲ ကျတော့်အခန်းရှေ့မှာ
ခေါင်းငုတ်ပီးထိုင်နေတာ။
ဆံပင်ကိုဖားလားချထားတာမို့ မိန်းခလေးဆိုတာတော့ သေချာတယ်။ဒါကြောင့် အနီးကပ်သွားပီးသေချာကြည့်လိုက်တော့မှ လက်ပေါ်က အမှတ်လေးကြောင့်
'Nora.......'
ကျတော်ခေါ်လိုက်တော့ သူမခန္ဓာကိုယ်လေးတုန်တတ်သွားကာ မော့ကြည့်လာသော သူမ.......
'Nora....ဘယ်လိုဖစ်လာတာလဲ......'
'ငါ့အမေ....ငါ့ကို...အိမ်...ပေါ်က....နှင်...ချ..လိုက်...ပီ...'
မနည်းအားယူကာ ပြောနေသော သူမကြောင့် ခန္ဓာကိုယ်ကို အသာလေးထိန်းပေးလိုက်တော့
ပြိုလဲကျသွားသော သူမ...အမှောင်ထုသို့ ဝင်ရောက်သွားလေတယ်။လဲကျသွားတဲ့ Noraကြောင့် လက်ဖျားတွေကိုင်ကြည့်လိုက်တော့ အေးစက်နေတဲ့အပြင် နဖူးကိုစမ်းလိုက်တော့လဲ ပူကျစ်တောက်နေတာပဲ....
ဒါကြောင့် သူမကို ပွေ့ချီကာ အခန်းထဲကို အမြန်ခေါ်သွားလိုက်တယ်။