ဆူး....Ep 14...
'မောင်....ထမင်းစားလို့ရပီနော် '
ကျတော်ပြောလိုက်တော့ Noraမျက်လုံးတွေအရောင်တောက်သွားပီး
'ဟုတ်လား...Noraလဲဗိုက်ဆာနေတာနဲ့ အတော်ပဲ...
လာ...လာ....သွားစားကြမယ်...'Vရဲ့လက်မောင်းတစ်ဖက်နဲ့ မောင့်ရဲ့လက်မောင်းတစ်ဖက်ကိုဆွဲကာ မီးဖိုချောင်ထဲ၀င်သွားသော သူမကိုကြည့်ပီး ကျတော်ပြုံးနေမိတယ်။
ထိုစဥ် ကျတော့်ခေါင်းထဲ အတွေးတစ်ချို့၀င်လာခဲ့တယ်...
ကျတော့မှာလဲ အဲ့လိုသူငယ်ချင်းတွေရှိရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ.....
အနည်းဆုံးစိတ်အခြေအနေမကောင်းလို့ ငိုချရင်
တစ်ယာက်လောက်တော့ ကျတော့ကို နှစ်သိမ့်ပေးနိုင်မယ်မဟုတ်လား...
တူတူလျောက်လည်ကြမယ်
မုန့်တွေ တူတူ၀ယ်စားကြမယ်...
ညနေဖက်ဆို ဟန်မြစ်ကြီးဆီသွားပီး
ရင်ထဲရှိသမျှ တူတူ အော်ဟစ်ကြမယ်....အကယ်၍ နောက်ဘ၀သာရှိမယ်ဆိုရင်
အခုလို ဘ၀ကြီးနဲ့ ထပ်မမွေးဖွားချင်တော့ဘူး....
ဘာလို့လဲဆိုတော့ ကျတော့်ဘ၀ကြီးက အရမ်းအထီးကျန်ဖို့ကောင်းတယ်လေ....'Jimin shi....ဘာလုပ်နေတာလဲ...လာလေ'
Noraကျတော့်အား လက်ယက်ခေါ်ကာ ခေါ်နေတာကြောင့် မီးဖိုချောင်ထဲမြန်မြန်လာလိုက်တယ်....
စားပွဲနားရောက်တော့ မောင်ကNoraဘေးမှာ ဦးစွာ၀င်ထိုင်လိုက်တာကြောင့် ကျတော်လဲ Vဘေးမှာသာ ၀င်ထိုင်လိုက်ရတယ်....
'Nora...နင် အမဲသားကြိုက်တယ်မလား.....
ရော့....စား.....'အမဲသားပန်းကန်ထဲကနေ အတုံးကြီးကြီးကို ယူကာ သူမပန်းကန်ထဲ ထည့်ပေးနေတဲ့ မောင့်ကြောင့် ကျတော်အကြည့်လွှဲလိုက်ရတယ်...
'ဘယ်လိုလဲ...စားကောင်းလား"
'အင်း...Jiminရဲ့ ဟင်းချက်လက်ရာကလေ စားဖိုမှူးတောင်လုပ်လို့ရတယ်သိလား.....'
'ဟက်.....အဲ့လောက်ကြီးလဲမဟုတ်ပါဘူး...'
ခနဲ့စွာ ၀င်ပြောလာတဲ့မောင်ကြောင့် ကျတော်မောင့်ကိုမကြည့်ပဲ ထမင်းပန်းကန်ကိုသာ အာရုံစိုက်လိုက်တယ်....