ဆူး.....ep 9
Koo...
Yarr......ခပ်လေးလေးခေါ်လိုက်တဲ့သူမအား အလုပ်လုပ်နေရာက ပြုံးပြနေသော Jungkook..နေ့လည်ဘက် ရုံးသို့လာကာ ဟိုဟာ လုပ်ချင်တယ်...ဒီဟာလုပ်ချင်တယ် ဆိုပီး ဂျစ်ကန်ကန် အပူလာတိုက်နေသည့် ထိုကောင်မလေးကြောင့် jungkook ပြုံးမိတယ်...
ရှိတာဆိုလို့ ဒီသူငယ်ချင်း ၂ယောက်ပဲရှိတာမို့..
မနက်ဆို V ဆီ..
နေ့လည်ဆို Jk ဆီ....
လိုက်သွားနေလေတယ်...ခနက ဘဲကင်စားချင်တယ်ဆိုလို့ ဘဲကင်...
Ice-cream ဆိုလို့ ice-cream ....
Jin ကို အလုပ်တွေခနရပ်ကိုင်းကာ သွား၀ယ်ခိုင်းရတယ်......အခုလဲဘာဖစ်မှန်းမသိ....ဆိုဖာပေါ်မှာထိုင်ကာ ခေါင်းကုတ်လိုက် မျက်မှောင်ကျုတ်နေလိုက်နဲ့ ဂနာကို မငြိမ်နေတာ.....
ကျတော့်စိတ်ထဲမှာ မရိုးမယွ ဖစ်လာတယ်...အချစ်ဦး ပေမဲ့လဲ.....
အခုချိန်မှာ ကျတော်က အိမ်ထောင်သည်တစ်ယောက်ဖစ်နေပီမို့ ဒီအခြေအနေက မဖစ်သင့်တော့ဘူးလေ...
အာ့ကြောင့် သူမကိုအကြည့်လွှဲကာ...အလုပ်ပေါ်သို့ အာရုံစိုက်လိုက်တယ်....(ကိုယ့်ကိုယ်ကို. သိတော့ သိနေသေးတာပဲ....)
Koo....ပျင်းလိုက်တာ....
ပျင်းရင် V ဆီသွား....
ကျတော်မျက်ခုံးတစ်ချက်ပင့်ပြလိုက်တော့ သူမက
မနက်ကသွားပီးပီ...ငါ့ကိုပဲမောင်းထုတ်နေတာ...
ငါတကယ်သွားရမလား...ကျတော်ပြန်မဖြေပါ သူမကိုစချင်နေလို့....
ဟမ်.....တကယ်သွားလိုက်ရမလားလို့....
ကျတော့်အား နှုတ်ခမ်းထော်ကာ ပြောလာတဲ့သူမကြောင့် ကျတော်လဲသူမရဲ့နှင်းဆီရောင်နှုတ်ခမ်းလေးတွေပေါ် အကြည့်ရောက်မိသွားတော့ ရေငတ်ချင်သလိုလို ဖစ်လာတယ်...
နှစ်တွေဒီလောက်ကြာတာတောင် ဒီကောင်မလေးက အခုထိ သူ့ကိုပြုစားထားနိုင်ဆဲပဲ.....
ပါးစပ်ကသာ V ဆီသွားတဲ့...
တကယ်တမ်းသူမကို မသွားစေချင်တာကတော့ အမှန်ပဲ။