'ဂျီ.....'
ဟင်းချက်နေတုန်း အနောက်ကနေ ခါးကိုဖက်ကာ ရစ်သိုင်းလာတဲ့မောင့်လက်တွေကြောင့်
ကျတော်လှည့်ကြည့်တော့ ပါးပေါ်ကို ကျရောက်လာတဲ့ နွေးထွေးသော အနမ်းတစ်ပွင့်....'မွ.....ဂျီပင်ပန်းနေမာစိုးလို့ ဟီးဟီး.....'
ကျတော်လဲရှက်ပီးခေါင်းငုံ့ထားမိလိုက်တယ်။
'သဘောကျတယ်ပေါ့ '
'အင်း....'
'မောင့်ကို ချစ်လား.....'
'အင်း ချစ်တာပေါ့ အများကြီးချစ်တာ.....'
'မောင် တစ်နေ့ ဂျီ့ကို ထားသွားခဲ့မယ်ဆိုရင်တောင်မှလား....'
*ထားခဲ့မယ်ဟုတ်လား မောင်ဘာတွေပြောနေတာလဲ '
မောင့်ကိုမေးဖို့ မောင့်ဘက်လှည့်မယ်အလုပ်
အလှည့်မခံပဲ ခါးကိုတင်းကျပ်စွာဖက်ထားသော မောင်.....'မလှည့်ကြည့်နဲ့ ဂျီ.....မောင့်ကိုမကြည့်နဲ့...'
မောင့်အသံတွေက အားပျော့နေပီးဝမ်းနည်းမှုတွေပါနေတယ်။
'ထား....ထားသွားမယ်ဆိုတာက......'
'ဟူး.....လူတွေအားလုံးက တစ်နေ့နေ့တစ်ချိန်ချိန်တော့ ဝေးကွာကြရစမြဲပါ....'
သက်ပျင်းချကာ ပြောလာတဲ့ မောင့်စကားလုံးတွေဟာ ကျတော့်ရင်ကို အစိမ်းလိုက်ခွဲနေသလိုပဲ
အရမ်းနာကျင်ရတယ်။'ဟင့်....ဟင့်အင်း ဂျီတို့က ဘာလို့ဝေးရမှာလဲ
မဝေးချင်ဘူး ဟင့်အင်း ဂျီမောင်နဲ့မဝေးဘူး
ဟင့်....ဟင့်....''မငိုပါနဲ့ ဂျီရယ် မောင်ဆိုလိုတာက အခုချိန်မဟုတ်ဘူး နောင်တစ်ချိန်ကိုပြောတာ'
'ဟင့်အင်း....မောင်...အဲ့အချိန်က ဘယ်တော့မှရောက်လာမှာမဟုတ်ဘူး'
ခါးပေါ်က မောင့်လက်တွေကို ဖြုတ်ကာ မောင့်ဘက်လှည့်လိုက်ပီး
'ဘာလို့ ထားခဲ့ရမဲ့အကြောင်းတွေကိုပြောနေရတာလဲမောင်ရယ်.....'
မောင်မျက်နှာလေးကို လက်နှစ်ဖက်နဲ့ကိုင်ကာ မေးတော့ မောင်ပြုံးပြခဲ့တယ်။
ဆွေးနေတဲ့မျက်ဝန်းနဲ့ အေးစက်သော အပြုံးတစ်ပွင့်......