ဆူး....... Part 12
'ဂျီ!!!!ဂျီ!!!!!'
မီးဖိုချောင်ထဲ ညနေစာချက်ဖို့ပြင်နေတဲ့ ဂျီတစ်ယောက် အိမ်ရှေ့ကနေ မောင့်ခေါ်သံကြောင့် ထွက်လာတော့ မောင်က ကျတော့်လက်ကောက်ဝတ်ကို အတင်းဆွဲကာ ပြာတိပြာယာဖြင့် အိမ်နောက်သို့ ဆွဲခေါ်သွားတယ်
ထို့နောက် အိတ်ကပ်ထဲကနေ ပိုက်ဆံထုတ်ပေးပီး'ဂျီ ဒီပိုက်ဆံယူပီး ဒီညနေ အပြင်မှာအဆင်ပြေသလိုပဲ စားခဲ့လိုက်နော် မောင်အလုပ်ပေါ်လာလို့'
'မောင် ဒါပေမဲ့ ဂျီညစာပြင်ဖို့လုပ်နေတာလေ'
'မြန်မြန်သွားပါ'
မောင်ဘာလို့ ငါ့ကိုအတင်းသွားခိုင်းနေရတာလဲ
'မောင်ပါ အတူတူ လိုက်ခဲ့လေ'
'မောင်မအားဘူးလို့ ..အိမ်ရှေ့မာ ဧည့်သည်ရောက်နေတယ် သွားမှာသာ သွားစမ်းပါ '
ကျတော်ဘာမှဆက်မပြောတော့ပဲ တံခါးဆီသို့ ဦးတည်ခဲ့တယ်။
'ဂျီ.....ထွက်ပြေးလို့တော့ မရဘူးနော်
မောင့်အကြောင်းသိတယ်မှတ်လား...''မောင်က ကလေးဆန်နေတာပဲ အင်းပါ မပြေးဘူးစိတ်ချ'
လို့ပြောပီး ထွက်ခဲ့တယ်တကယ်တော့ မောင်က အခုလာတဲ့ဧည့်သည်ကို
ငါတို့အကြောင်းမသိစေချင်လို့မောင်းထုတ်နေတာပဲ။
ဟုတ်ပါတယ်လေ။ငါနဲ့မောင်နဲ့က လူသိရှင်ကြားလက်ထက်ထားတာမှမဟုတ်တာပဲဟာကို။
ငါက မောင့်ရဲ့တိတ်တိတ်ပုန်းလေ ။မောင်က ငါထွက်ပြေးမာကြောက်နေတာလား။။။
ဟင့်အင်း။ မပြေးတော့ဘူး။ ပြေးတုန်းက မောင်ကဖမ်းဆွဲခဲ့တာမို့ ....ဖမ်းဆွဲခဲ့တာမို့ ....အခုကစပီးဘယ်တော့မှ မပြေးတော့ဘူး...လက်ကသွေားပါထွက်နေတယ်
ဒဏ်ရာမကျက်သေးတာကို မောင်အတင်းဆွဲလိုက်လို့ ချုပ်ရိုးပျယ်သွားတယ်ထင်ပါရဲ့
မနာပေမဲ့ စိတ်မကောင်းဘူးခေါင်းထဲမှာ တွေးစရာများစွာဖြင့်
ပန်းခြံဆီသို့ ဦးတည်ခဲ့တယ်။'ဒီ ပန်းခြံပဲ အဲ့နေ့ကမက်ခဲ့တဲ့ ပန်းခြံ.....
ဟက်... ငါကမောင် ထားသွားပီလို့မက်ခဲ့တာ
မောင်ဘာမှမဖစ်ဘူး အိမ်မက်မို့တော်သေးတယ်...ဟူး....'