"ရှင် ဘာပြောလိုက်တယ်"
"ရှင်ကျွန်မကိုမချစ်ခဲ့ဘူးဟုတ်လား"
"ဒီမှာကိုထင်ကျော် ရှင်သိထားဖို့ကမြင့်မြင့်ဦးတို့က ရှင်တွေ့ဖူးတဲ့မိန်းမတွေလို ခြေသလုံးဖက်တောင်းပန်ပြီးကျွန်မကိုပစ်မသွားပါနဲ့တောင်းပန်မနေဘူး"
"ရှင်ခုထွက်သွားချင်လား သွား"
"ဒါပေမယ့် နောက်ဘယ်တော့မှမလာနဲ့ဒီအိမ်ကို ရှင့်ရဲ့ချစ်လှစွာသော အငယ်အနှောင်းဆီမှာတစ်သက်လုံးသွားနေ"
"ကျွန်မအိမ်ရိပ်ရှင်နင်းရင် အဲ့တာရှင့်သေနေ့ပဲ"
"နားလည်လား"
"တောက်"
"Cut"
"အဆင်ပြေလားဒါရိုက်တာ"
"ရပြီ အစ်မရေ"
"Shooting breakပြီဟေ့"
ဒါရိုက်တာထံမှအသံထွက်လာ၍ ရိုက်ကူးရေးအဖွဲ့သားများက လှုပ်လှုပ်ရွရွနှင့်ပစ္စည်းသိမ်းသူကသိမ်းကြသည်။ရှုပ်ယှက်ခတ်နေသောလူများကြားတွင် ကြိမ်ယပ်တောင်လေးကိုခတ်ရင်း ဒါရိုက်တာနားသို့လာနေသူတစ်ယောက်ရှိသည်။ထိုသူမှာ မင်းသမီးကြီးတန်း၀င်ဖြစ်ကာအကယ်ဒမီဆုများရရှိထားသော အကယ်ဒမီများရှင် မင်းသမီးမြဧကရီဖြစ်သည်။အိုက်တင်အရာတွင် ကျရာဇာတ်ရုပ်ကိုပိုင်နိုင်တိကျစွာသရုပ်ဆောင်နိုင်မှုကြောင့် တစ်ကျော့ပြန်ခေတ်စားခြင်းနှင့်အတူ အနုပညာစန်းမှာကြောက်စရာကောင်းလောက်အောင်ခေတ်ကိုတစ်ကျော့ပြန်လှည့်နိုင်ခဲ့ပြီး အောင်မြင်ကျော်ကြားနေသော အသက် ၄၃နှစ်အရွယ်မင်းသမီးဖြစ်လေသည်။ထိုအမျိုးသမီးက လက်ကလေးတစ်ဖက်နောက်ပစ်ရင်း -
"ဒါရိုက်တာကြီး"
"ဗျ"
"Shootingကမနက်ဖြန် အစ်မ sceneမပါဘူးမလား scriptဖတ်ကြည့်တော့"
"ဟုတ်တယ်အစ်မ မင်းသားနဲ့တစ်ခြား actorတွေအခန်းပဲရိုက်မှာ ဘာကိစ္စရှိလို့လဲ"
"ဒီလိုပါ အစ်မလည်း Outdoorထွက်လာတော့ပျင်းတာနဲ့ဟိုနားဒီနားအလည်အပတ်လေးသွားမလို့"